Destiny Between Us 34

2.3K 198 15
                                    

Unicode

"အင်း!...ဟင်း!...."

ရေခဲတမျှအေးသော ရေချိုးကန်ထဲ ဒရာဂိုထိုင်နေသည်မှာ နှစ်နာရီကျော်မျှပင်ရှိနေချေပြီ...သည်းငယ်ထည့်လိုက်သော ဆေးအရှိန်က လူတစ်ကိုယ်လုံးအား
အရည်ပျော်မတတ် စတိုးပွားကာ ပူပြင်းလာသည်..
မီးကုန်ယမ်းကုန် ကြမ်းတမ်းခဲ့ပြီးနောက် စိတ်ရိုင်းတို့
ပြန်ထိန်းမိချိန် မိမိ၏အောက်၌ သတိပင်မရှိတော့သော သည်းငယ်ကြောင့် ဒရာဂိုလန့်သွားရသည်။
ကျိုးကြေမွနေသော အိပ်ယာခင်း နံ့သာရောင်‌
အပေါ်ဝယ် သွေးကွက်နှင့် မိမိတို့နှစ်ဦး၏
ပြီးဆုံးထားသည့် အရည်တို့က ဟိုတကွက်သည်တကွက်နှင့် မြင်ရက်စရာ တစက်မှမရှိ..အခန်းတစ်ခုလုံးမှာလည်း ထိုရနံ့တို့နှင့်သာပြည့်နှက်နေလေသည်....

ဒရာဂို ထပ်မံတိုးထွက်ကာ ရုန်းထွက်နေသော
စိတ်အစုံကို ပြေလျော့ရန် အောက်နုတ်ခမ်းကို ပြင်းပြင်းကိုက်ခဲကာ လုပ်လက်စအရာ အားလုံးကိုရပ်တန့်လိုက်သည်။ မိမိကိုယ်ကို တပတ်ပိုင်းရှည်တစ်ခု ခါး၌ပတ်လိုက်ပြီးနောက် ချက်ချင်းရေချိုးခန်းထဲပြေးကာ တဘက်တစ်ထည်နှင့် ရေနွေးဇလုံတစ်ခုယူလာပြီး ဟယ်ရီ့ကို တစ်ကိုယ်လုံး သန့်ရှင်းရေး လုပ်ပေးလိုက်သည်..

သုတ်ပေးနေရင်းမှ ဟယ်ရီ့အဝလေးမှာ သွေးစတို့
စို့နေသည်ကရပ်မသွားတာကြောင့် ဒရာဂို စိတ်မကောင်းဖြစ်ရကာ မျက်ရည်ပင်ကျရသလို အခုလိုထိမဖြစ်အောင် ထိမ်းမထားနိုင်မိတဲ့ ကိုယ်တိုင်လဲ ကိုယ့်ကိုအပြစ်တင်မိသည်...အဝတ်လဲခန်း၏ အတွင်းတစ်နေရာသိုဝင်ကာ ကာလအတန်ကြာပိတ်ထားသည့် တံခါးတခုအား အနည်းငယ် ခက်ခဲစွာ လှဲ့ဖွင့်လိုက်သည်။

အတန်သင့်ကျယ်သော လှို့ဝှက် အခန်းငယ်တစ်ခု..
အတွင်းထဲ၌  ဒရာဂို၏ အနှစ်နှစ်အလလ စုဆောင်းထားသည့် မှော်လောကနှင့် သက်ဆိုင်သည့်
စာအုပ်များ၊ပေလိပ်များ နှင့် ဆေးရည်ဖော်စပ်သည့်
ပစ္စည်းစုံစီနဖာများ..စုကာထည့်ထားသည်။..
ပိတ်ထားတာကြာပြီးဖြစ်လို့
ဖုန်နံ့ထွက်နေသော အခန်းတွင်း ဒရာဂိုဝင်လိုက်ပြီး
ဆေးကျိုရာ၌သုံးသော ပါဝင်သည့် အမယ်များ
ထားထားသည့် ဆေးပုလင်းစင်၏ အရှေ့၌ ရပ်ကာ
သွေးတိတ်ပြီး ဒါဏ်ရာအကျက်မြန်စေသော
Calendulaပန်းဝတ်မှုံ  နှင့် marigold ပန်းဝတ်ဆံ တို့မှ သန့်စင်ကာထုတ်ယူထားသည့် အဆီအနှစ်လေးများ ထည့်ထားသည့် ပုလင်းလေးနှစ်ပုလင်းအား
မှော်ကြိမ်လုံးအားဝေ့ယမ်းပြီး '..Accio..' ဆင့်ခေါ်ဂါထာသုံးကာ ယူပြီးပြန်ထွက်ခဲ့လိုက်သည်။

Destiny Between UsWhere stories live. Discover now