Destiny Between Us 31

1.5K 225 20
                                    

Unicode

ဂျင်းနီ အံ့အားသင့်နေမည်ကို အတပ်သိသော ဒရာဂိုကပဲ

"နင်အံ့ဩနေမှာတော့ အမှန်ပဲ...အခြေအနေတွေက
ဒီလိုပဲဖြစ်သွားတယ်...နောက်တော့မှ ငါ သေချာပြန်ပြောပြပါ့မယ်....."

ထိုအခါ ဟယ်ရီက
"အဲလ် နေရင်လည်းနေခဲ့လိုက်လေ..
ကျောင်းကိစ္စက မတက်ဖြစ်သေးလည်းရပါ‌တယ်...
အရေးကြီးတာမဟုတ်ဘူး.." ဟယ်ရီ့အပြောကို
ဒရာဂိုကပါ "ဟုတ်တယ်သား ကျောင်းက ဆရာမကို
ဦးဦးပြောထားလိုက်လို့ရတယ်...အဲ့ဒါကြောင့် သားနေခဲ့မယ်ဆို‌နေခဲ့လည်းရတယ်..."

"အဲ့ဒါဆို သားနေခဲ့လိုက်မယ်လေ..
မာမီ သား အခန်းပါရှင်းထားတာမလား.."

"မနေ့က မမလီလီအခန်းရော သားအခန်းပါ မာမီရှင်းပြီး
ပြင်ဆင်ထားထားတာ...စောနက မမလီလီအခန်းထဲမှာပဲ
ဆော့နေကြတာလာ.."

"မဆော့ဘူး..မမဆီက မုန့်လုစားနေတာ..ဟီးဟီး.."
အဲလ်ဘတ်စ်ပြောတော့မှ လီလီ သူမအာလူးကြော်
တစ်ထုတ် အဲလ်ဖွင့်ပြီးစားလိုက်လို့ကုန်သွားသည်ကို
ပြန်သတိရပြီး..

"ဦးဦး..သိလား..မီးလေးဖို့ ဦးဦးထည့်ပေးလိုက်တဲ့
အာလူးကြော်ထုတ်လေ အကြီးကြီးတစ်ထုတ်ကို  မီးလေး
စာအုပ်စီ နေတုန် မပြောပဲ ဖောက်စားပစ်တာ..ကုန်သွားပြီ!..."
နုတ်ခမ်းလေးဆူပြီး ဒရာဂို့ အနားသွားကပ်ထိုင်ပြီး
ပြောဆိုတိုင်တန်းနေလေရာ

"တစ်ထုတ်ထဲပဲဟာ မီးလေးကလည်း...
မုန့်တွေကုန်သွားရင် ဦးဦးဆီဖုန်းဆက်လိုက်
ဦးဦးကထပ်လုပ်ပေးမှာပေါ့...
မောင်လေးကို စိတ်မဆိုးနဲ့တော့နော် မီးလေးက
လိမ္မာတယ်..."

ဂျင်းနီ သမီးဖြစ်သူ ဒရာဂိုကို မောင်အငယ်
သူ့မုန့်စားလိုက်လိူ့ သွားတိုင်နေတဲ့ပုံကြည့်ပြီး..
* ပြောဆိုနေတာများ ဘာတဲ့
သူ့ကိုသူ မီးလေးတဲ့ ငါ့သမီး ဘယ်တုန်းက အဲ့လို
ချွဲတတ်သွားတာတုန်း..တပတ်ထဲနဲ့ ငါ့သားသမီး
နှစ်ယောက်လုံးကို  ဒရာဂိုအပီပေါင်းထားတာပဲ...*မသိမသာ ခေါင်းရမ်းလိုက်မိသည်..
တဖက်က လီလိ ဟယ်ရီပေါင်ပေါ်ထိုင်ရင်း ဟယ်ရီတလှည့်
ဒရာဂို့ကို တလှည့် တိုင်လိုက်ပြောလိုက်နှင့် ရှိနေသလို...

Destiny Between UsWhere stories live. Discover now