အပိုင်း(၃၈)/အပိုငျး(၃၈)

20K 1.4K 49
                                    

#Zawgyi

"လိမ်တယ် "

အမြင်အာရုံတွေဝေဝါးနေကာဘာကိုမျှသဲသဲကွဲကွဲမမြင်ရပေမဲ့ အနည်းငယ်သြရှရှဖြစ်သည့်အသံတစ်ခုကိုတော့ပြတ်ပြတ်သားသားကြားနေရသည်။သိပ်ကိုရင်းနှီးနေသည့် ထိုအသံဟာကိုကို့အသံမှန်းလွန်းသေချာပေါက်ကိုသိနေပါ၏။

"လိမ်တာကိုမုန်းတယ်လို့ပြောထားတာကို လိမ်တယ် သိသိရက်နဲ့ထပ်လိမ်တယ် ထပ်ထပ်ပြီးလိမ်တယ်၊မင်းငါ့ကိုအမြဲတမ်းလိမ်တယ်"

"ဟင့်အင်း .. သားက သားက"

မသဲမကွဲအမြင်အာရုံထဲ ခပ်ရေးရေးမြင်နေရသည့်အရိပ်တည်ရှိနေရာဆီဦးတည်ကြည့်ပြီး ရှင်းပြဖို့ကြိုးစားမိသည်။ဘာအကြောင်းကြောင့်ကိုကိုသူ့ကိုစိတ်ဆိုးနေသလဲဆိုတာကိုမသိပါ။သို့ပေမဲ့ နူးညံ့ခြင်းအလျဉ်းမရှိသည့်ထိုခပ်အက်အက်အသံနှင့်ပင် ကိုကိုဘယ်အဆိုင်းအတာလောက်အထိစိတ်တိုနေသလဲဆိုတာသူခန့်မှန်းနိုင်၏။

"မင်းပါးစပ်ကိုပိတ်ထား ၊အမြဲတမ်လိမ်နေတဲ့မင်းစကားတွေကိုငါထပ်မကြားချင်ဘူး လွန်းတခေတ် "

ကြားနေရသည့်အသံသြရှရှဟာကိုကို့အသံမှန်းသေချာနေပေမဲ့ တစ်ခါမှမကြားဖူးခဲ့တဲ့အေးစက်လွန်းတဲ့စကားတွေကိုပြောနေတာက လွန်းသိတဲ့ကိုကိုနဲ့နည်းနည်းလေးတောင်တူမနေခဲ့ပါ။အခုချိန်ထိ ဘာအကြောင်းကြောင့်ဒီလိုတွေဖြစ်နေလဲမသိပေမဲ့ လွန်းကိုအတော်လေးစိတ်ဆိုးနေတဲ့ကိုကို့ကြောင့်လွန်းဖြေရှင်းပြရန်ကြိုးစားနေမိသည်။

"မင်းကိုငါစိတ်ကုန်နေပြီ "

စိတ်ကုန်နေပြီ . စကားလုံးလေးလုံးတည်းသာဆိုပေမဲ့ ရင်တစ်ခုလုံးပူလောင်သွားစေဖို့လုံလောက်သည့်စကားဖြစ်သည်။လည်ချောင်းအထိစူးတက်လာသည့်ခံစားချက်ဟာဆိုးဆိုးရွားရွား။

"ဟင့် အင်း .. သားကိုစိတ်မကုန်ပါနဲ့ .. ကိုကို"

အရိပ်ငယ်ရှိနေရာဆီလှမ်းလျှောက်နေပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်ကထိုနေရာကိုမရောက်နိုင်။တစ်နေရာတည်းမှာသာဆက်ရှိနေရင်း ကိုကိုနှင့်ဝေးကွာနေဆဲပင်။

"ကိုကို မသွားပါနဲ့ သားကိုမထားခဲ့ပါနဲ့ ကိုကို ဟင့်အင်း"

ခပ်ရေးရေးမြင်နေရတဲ့ကိုကိုလို့ထင်ရသည့်အရိပ်ငယ်ဟာတဖြည်းဖြည်းအဝေးကိုရွေ့လျားသွားတာကြောင့် လွန်းအလောတကြီးလိုက်မိသည်။ဘယ်လောက်ပင်ပြေးနေပါစေ ကိုကိုကသာအဝေးကိုပိုရောက်သွားပြီး သူကတော့နေရာကနေမရွေ့နိုင်ပဲမောဟိုက်ခြင်းကသာနေရာယူလာတော့သည်။

ကိုကို သာလျှင် (Unicode+Zawgyi) (Completed)Where stories live. Discover now