အပိုင်း(၄၇)/အပိုငျး(၄၇)

16.8K 1.2K 176
                                    

#Zawgyi

"မင်းငါ့ကိုယုံကြည်ပေးဖို့ဒီလောက်အထိခက်ခဲလား လွန်းတခေတ်"

လက်တွေကိုလှမ်းဆွဲထားသည့်သူ့လက်တွေကိုဖြုတ်စေကာမျက်နှာချင်းဆိုငိရင်း စူးစူးနစ်နစ်ကြည့်ကာပြောလာသည့်ကိုကို့စကားကြောင့်လွန်းခေါင်းကိုအဆက်မပြတ်ခါရမ်းမိသည်။သူတကယ်ကိုကို့ကိုမယုံတာမဟုတ်ရပါဘူး။ကံကောင်းမှုဆိုလို့ကိုကိုတစ်ယောက်သာရှိခဲ့တဲ့သူ့ဘ၀မှာ ကံကြမ္မာကိုသူမယုံကြည်ရဲခဲ့တာပါ။

"ခေါင်းပဲခါမနေဘဲ ငါ့ကိုတစ်ခုခုပြောစမ်းပါဦး ၊မင်းခန္ဓာကိုယ်ကိုတောင်မင်းသုံးပြီးရှင်းရဲတဲ့အထိတောင်မင်းသတ္တိတွေရှိနေခဲ့သေးတာပဲ ငါ့ကိုဖွင့်ပြောဖို့တော့မင်းမှာဘာတွေကခက်ခဲနေရတာလဲ ဖြေလေ..ငါတို့နှစ်တွေအကြာကြီးဒီလောက်အတူနေခဲ့ကြတာတောင်မင်းငါ့စိတ်ကိုမသိဘူးလား၊မင်းငါ့ကိုမယုံကြည်ပေးနိုင်ဘူးလား ၊မင်းပင်ပန်းရင် မင်းအတွက်ခက်ခဲနေရင်အကူအညီတောင်းလို့ရတယ်ဆိုတာမင်းမသိဘူးလား၊တစ်ယောက်တည်းဖုံးကွယ်ထားလို့ ဘာကောင်းတာများဖြစ်လာမှာမို့လို့လဲ .."

စကားသံတွေကိုထိန်းပြောနေပေမဲ့ လင်းရောင်ဝါအသံတွေကအက်ကွဲနေသည်။လွန်းအသိစိတ်မဲ့နေတဲ့အချိန် သူပထမဆုံးထိုကောင်လေးဖုန်းကိုယူစစ်ကြည့်ခဲ့တာမို့ဒီကောင်လေးဘာတွေကိုဖုံးကွယ်ဖို့ကြိုးစားခဲ့တာလဲဆိုတာသူသိပေမဲ့ နားလည်မပေးနိင်ချေ။ဘာလို့များဒီလောက်လွယ်ကူတဲ့သူ့ကိုယုံကြည်ပေးပြီးဖွင့်ပြောဖြေရှင်းတဲ့နည်းလမ်းကိုမရွေးချယ်ခဲ့ဘဲ ခန္ဓာကိုယ်ကိုသုံးပြီးလူမှုရေးဖောက်ပြန်တဲ့ဖြေရှင်းနည်းမျိုးကိုရွေးချယ်ခဲ့ရတာလဲ။တကယ်ကိုမိန်းမပျက်အမေရဲ့ဗီဇသွေးတွေကဖျက်မရအောင်ပါလာခဲ့ပုံပဲ။

နာနာကျင်ကျင်တွေးပစ်လိုက်တော့ ရင်ဘတ်ထဲမှာအောင့်မျက်လာသည်။အတွေးတွေနဲ့တောင်ပစ်ပစ်ခါခါတွေးလို့မရလောက်အောင်ထိ သူလွန်းတခေတ်ကိုချစ်ခဲ့တာ။သူသိပ်မုန်းတဲ့သူကိုတောင်မျက်ကွယ်ပြုထားနိုင်တဲ့အထိ သူလွန်းတခေတ်ကိုချစ်တာပါ။သို့ပေမဲ့ ထိုကောင်လေးကတော့သူ့အချစ်ကိုပြက်ရယ်ပြုကာအဆုံးထိအယုံအကြည်မဲ့ပြလေသည်။

ကိုကို သာလျှင် (Unicode+Zawgyi) (Completed)Where stories live. Discover now