အပိုင်း(၈)/အပိုငျး(၈)

38.3K 2.5K 119
                                    

#Zawgyi


အ၀တ်အစားအသင့်လဲပြီး ဧည့်ခန်းထဲကဆက်တီမှာ ရောင်ဝါထိုင်စောင့်နေတာဆယ်မိနစ်ကျော်လို့ မိနစ်နှစ်ဆယ်နားပင်ကပ်နေပြီဖြစ်ပေမဲ့ ရောင်ဝါ့ထက်အရင် သူ့အခန်းထဲဝင်သွားပြီးပြင်ဆင်နေတဲ့ကောင်လေးက အခုထိအရိပ်ယောင်မြင်ရဖို့အသာထား အသံတစ်စွန်းတစ်စတောင်မျှမကြားရသေးချေ။ထပ်စောင့်နေရင်အချိန်တွေနောက်ကျကုန်မည်ဆိုးတာကြောင့် ထိုင်နေရာကထရင်းကောင်လေးအခန်းရှေ့ဆီခြေလှမ်းတို့ကိုဦးတည်ရ၏

"လွန်း မပြီးသေးဘူးလား "

အခန်းတံခါးကို တဒေါက်ဒေါက်ခေါက်ရင်း အချက်ပေးတော့မှ အခန်းထဲကအလောတကြီးထွက်လာသည့်ကောင်လေး။ဆံပင်ညိုညိုတွေက ရေစင်အောင်သုတ်ခဲ့ပုံမရဘဲ စိုထိုင်းထိုင်းအနေအထားနှင့်ရှိနေတုန်း။

"ဟော .. ခေါင်းလျှော်ပြီး ဆံပင်ကျတော့သေချာမသုတ်ခဲ့ဘူးလား"

"နောက်ကျနေမှာဆိုးလို့ပါ တိုတိုလေးပဲဟာကိုခဏလေးနေရင်သူ့ဘာသာခြောက်သွားလိမ့်မှာပါ ကိုကိုရ သွားရအောင်လေနောက်ကျနေပြီ"

လက်သေးသေးလေးတွေနှင့် အတင်းဆွဲခေါ်နေတာကြောင့် ဘာမှထပ်မပြောတော့ဘဲ သွားရန်သာလုပ်လိုက်ရတော့၏။နောက်တစ်ပါတ်နေရင် ကျောင်းတွေဖွင့်တော့မှာဖြစ်လို့ ဒီနေ့ချာတိတ်အတွက်လိုအပ်တာတွေသွားဝယ်ကြမှာဖြစ်သည်။အိမ်နေရင်းအ၀တ်အစားနှင့်အပြင်အ၀တ်အစားများသာဝယ်ပေးထားခဲ့တာကြောင့် ချာတိတ်ကျောင်းတက်ရင်ဝတ်ဖို့ဘာမှအဆင်သင့်ရှိမနေ။ဒီနေ့တော့လိုအပ်သည့်ကျောင်းအဖြူအစိမ်းနှင့်ကျောင်းသုံးပစ္စည်းတချို့ဝယ်ပေးရမည်။

မနေ့ကတည်းကကြိုပြောထားခဲ့တာကြောင့် ချာတိတ်ကအပြင်သွားဖို့ကိုအတော်လေးတက်ကြွနေရှာ၏။လိုအပ်တာတွေဝယ်ပြီးအပြန်ကျရင် ဂေဟာကိုထောက်ပံ့မှုလုပ်ရန်သွားမည်ဖြစ်သလို မသွားဖြစ်တာတစ်လလောက်ရှိနေပြီဖြစ်တဲ့ရောင်ဝါ့ရဲ့စပျစ်ခြံတွေဖက်လည်း တစ်ချက်သွားကြည့်ပြီးစီစဉ်စရာရှိတာတွေအတွက်စီစဉ်ရဦးမှာဖြစ်သည်။

.
.
.
.
.

"ကိုကို့ သားဘယ်အရောင်ယူရင်ကောင်းမလဲ"

ကိုကို သာလျှင် (Unicode+Zawgyi) (Completed)Where stories live. Discover now