အပိုင်း(၁၂)/အပိုငျး(၁၂)

28.9K 2.1K 135
                                    

#Zawgyi


ပေါင်းအိုးထဲမှယခုတင်ခူးခပ်ထည့်ထားသည့်ထမင်းဖြူ ပူပူနွေနွေးကို ဆီနည်းနည်းနှင့်ဆားထည့်နယ်ထားသည်ထဲတွင် ပုဇွန်ခြောက်များများနှင့်ကြက်သွန်နီပါးပါးလှီးထားသည်ကိုပါရောထည့်ထားသည်ကြောင့် နီရောင်သန်းသည့်ပုဇွန်ခြောက်များက ဆီဝေ့နေသည့်ထမင်းဖြူအိအိကြားထဲမှ ကြက်သွန်မျှင်များနှင့်အတူထွက်ပြူနေကြသည်။

ပူပူနွေးနွေးမနက်စာပန်းကန်နှစ်ချပ်နှင့်အတူ အငွေ့မသေသေးသည့်မလိုင်တက်နေသောနွားနို့တစ်ခွက်ကပါ အတူယှဉ်တွဲလျက်ရှိနေသည်။စားပွဲဆီသို့ နောက်ဆုံးလိုနေသည့်ကော်ဖီခါးခါးတစ်ခွက်ကိုသွေးကြောစိမ်းတို့ယှက်ဖြာနေသည့်လက်တစ်စုံနှင့်ကိုင်၍ကိုကိုရောက်လာကာ ထိုင်တော့မှလွန်း လိုက်ကြည့်နေတာကိုရပ်ပြီး ထမင်းစစားဖြစ်သည်။

"လွန်း လက်ကခြစ်ရာကဘာဖြစ်ထားတာလဲ"

အရသာကောင်းသည့်ကိုကို့လက်ရာမနက်စာကြောင့် လွန်းအဆတ်မပြတ်စားနေမိစဉ် မျက်နှာချင်းဆိုင်မှကိုကို့မေးသံကြောင့် ကိုယ့်လက်ကိုအယောင်ယောင်အမှားမှားပြန်ကြည့်မိသည်။တီရှပ်လက်တိုအဝါရောင်ဝတ်ထားမိသည်ကြောင့် ပေါ်နေသည့်လက်ဖျံပေါ်တွင်မနေ့ကရေကူးစဉ်က ရေထဲတွင်ထိုးထွက်နေသည့်ကျောက်စွန်းနှင့်ခြစ်မိထားသည့် အနီရဲရဲအစင်းရာကထင်ရှားစွာနေရာယူထားလျက်ရှိသည်။

"ဟိုဟာ သားလည်းသေချာမသိဘူးကိုကို "

ကိုကို့အား မလိမ်ရဲသည်ကြောင့်လွန်းမယုတ်မလွန်သာပြောမိသည်။ဒီလောက်ဆိုရင်တော့လိမ်တယ်ဆိုတဲ့အထိတော့ မပြောသာဘူးဟုထင်သည်။

"ကိုယ့်ခန္ဓာကိုယ်မှာဘာဖြစ်လို့ဖြစ်မှန်းမသိရအောင် လွန်းရဲ့အသားက ရာဘာနဲ့လုပ်ထားတာမို့လို့လား"

"ကိုကိုကလည်း"

"ကိုကိုကလည်း လုပ်မနေနဲ့ .. ဒီရက်ထဲလွန်းအပြင်တွေလည်းအရမ်းသွားနေသလိုပဲ၊ ခန့်လေးကိုလည်းပိတ်ရက်မှာပါခဏခဏအတူတွေ့နေရတယ် ကျူရှင်မတက်ဘူးလား အဲဒီကလေး"

အာ .. အဲဒါကြောင့်အိမ်ရှေ့ထိလိုက်မလာနဲ့ပြောတာကို ခန့်လေးကပြောလို့မရဘဲမင်းသန့်တို့နဲ့အိမ်ရှေ့ထိအရောက်လိုက်လိုက်လာတာ အခုကိုကိုကရိပ်မိနေပြီလားမသိဘူး။သေကုန်တော့မှာပဲ။

ကိုကို သာလျှင် (Unicode+Zawgyi) (Completed)Donde viven las historias. Descúbrelo ahora