အပိုင်း(၁)+(၂)/အပိုငျး(၁)+(၂)

151K 4.6K 234
                                    

#Zawgyi

၂၀၁၃ခုနှစ်၊နွေရာသီ

နံသာရောင် အုတ်ဂူလေးပေါ် ဟိုတစ်စဒီတစ်စတင်ကျန်နေသည့် သစ်ရွက်ခြောက်လေးတွေကိုဖယ်ပေးရင်း ရှင်းလင်းသွားသည့် အုတ်ဂူလေးကိုခပ်ဖွဖွပွတ်သပ်မိသည်။

ခြောက်နှစ်ရှိသွားပြီ။ဒီတစ်စုံတစ်ယောက်က လူ့လောကထဲမှာသူ့ကိုတစ်ယောက်တည်းထားသွားခဲ့တာ ခြောက်နှစ်တောင်ရှိသွားခဲ့ပြီဖြစ်သည်။ဝဲတက်လာတဲ့မျက်ရည်တွေကို လေပူတွေမှုတ်ထုတ်ပစ်လိုက်ရင်း မျက်ဝန်းအပြင်ကိုကျမလာနိုင်အောင်ထိန်းလိုက်၏။

ထို့နောက် နံ့သာရောင်အုတ်ဂူလေးဘေးမှာပဲ မှီကပ်ကာထိုင်ချလိုက်သည်။

"ကောင်းကောင်းမွန်မွန် ရှိနေတယ်မဟုတ်လား"

"ဒီနေ့သားကို တစ်ယောက်တည်းထားခဲ့တာ ခြောက်နှစ်တောင်ရှိနေပြီ .. မေမေပျော်နေရဲ့လား .."

ဟုတ်တယ်။ အမေ .. သူသိပ်ကိုချစ်ရတဲ့သူ့ရဲ့အမေ။လွန်ခဲ့တဲ့ခြောက်နှစ် ဒီလိုအချိန်မှာပဲ မေမေဟာဘ၀တစ်ပါးသို့တိမ်းပါးသွားခဲ့တာ။အဲဒီတုန်းကရောင်ဝါ့အသက်က ဆယ့်ငါးနှစ်ကျော်ဆယ်ခြောက်နှစ်ဝင်ရုံရှိသေးတာ။

ဆယ်တန်းစာမေးပွဲပြီးရင် ခရီးတစ်ခုခုကိုမိသားစုလိုက်သွားကျမယ်လို့ပြောပြီး ကတိတွေပေးခဲ့ပေမဲ့လည်း မေမေဟာကတိမတည်ခဲ့ချေ။မေမေဆုံးပြီးနှစ်နှစ်ကြာပြီးနောက်တော့ ဖေဖေကနောက်အိမ်ထောင်ပြုပြီး ဂျပန်ကိုထွက်သွားခဲ့သည်။ရောင်ဝါ့ကိုခေါ်ပေမဲ့ လိုက်မသွားချင်တာကြောင့် ပြင်ဦးလွင်ကမေမေပိုင်သည့်စားသောက်ဆိုင်ရယ် မေမေတို့မိသားစု၏ပိုင်ဆိုင်ရာလက်ငုပ်လက်ရင်းဖြစ်သည့်စပျစ်ခြံတွေနှင့်စိုက်ပျိုးရေးခြံတွေကိုသာအဖော်ပြုရင်းနေခဲ့သည်။

မေမေ့စိတ်တိုင်းကျဒီဇိုင်းဆွဲကာ အစအဆုံးကိုဟ်တိုင်ပြင်ဆင်ခဲ့ပြီးသိပ်သဘောကျခဲ့တဲ့ စားသောက်ဆိုင်လေးကိုဦးစီးတော့ ရောင်ဝါ့အသက်ကတစ်ဆယ့်ရှစ်ပြည့်ရုံသာရှိသေးသည်လေ။အသက်ဆယ့်ရှစ်လောက်မှာပဲတစ်ယောက်တည်းနေထိုင်ပြီး စီးပွားရေးကိုပါကျောင်းတစ်ဖက်နဲ့လုပ်ခဲ့ရတာ။ဆိုင်နဲ့ခြံတွေကတစ်ဖက် ကျောင်းစာကတစ်ဖက်ဖြစ်နေရင်အဆင်မပြေဖြစ်မည့်အရေးကိုကြိုတင်တွေးမိတာကြောင့် အမှတ်ကောင်းကောင်းနှင့်ဆယ်တန်းကိုအောင်ခဲ့ပေမဲ့ အဝေးသင်သာတက်ပြီးဘွဲ့တစ်ခုရအောင် ကြိုးစားရသည်။အခုကျောင်းပြီးသွားတော့လည်း တစ်ယောက်တည်းနေရင်း ဒီစီးပွားရေးကိုသာလုပ်နေတုန်းဖြစ်သည်။

ကိုကို သာလျှင် (Unicode+Zawgyi) (Completed)Where stories live. Discover now