ဖန်သားပြင်ထက်မှာ မြင်နေရတဲ့ မပြုံးမရယ် မျက်နှာတည်တည် ကောင်ငယ်လေးကို ကြည့်ရင်း ရှောင်းကျန့် ပြုံးနေတယ်...
ဒီကောင်လေးက သူ့နှလုံးသားလေး...
ကောင်လေးကို စတွေ့ခဲ့တာ သူတို့ကုမ္ပဏီက နှစ်ပတ်လည်ပွဲမှာ... ဝန်ထမ်းတွေအတွက် ပျော်ပွဲရွှင်ပွဲပါ တစ်ခါတည်း ကျင်းပပေးတာမို့ အားလုံးလည်း ပျော်ရအောင်ဆိုကာ အတွင်းရေးမှူးက လူငယ်တွေကြား ရေပန်းစားနေတဲ့ တက်သစ်စ,အနုပညာရှင်ကောင်လေး တစ်ယောက်ကို ခေါ်ပေးတယ်။
နှစ်ပတ်လည် ညစာစားပွဲပေမို့ ဥက္ကဌဖြစ်တဲ့သူလည်း တက်ရောက်ရတယ်...
ဒီကောင်လေးနဲ့ ဆုံတွေ့စေမယ့် ရေစက်တွေပဲပေါ့...
သူရောက်တော့ အစီစဉ်တွေပင် စ,နေခဲ့ပြီ...
စင်မြင့်ထက်မှာ ပေါ့ပါးသွက်လက်စွာ က,နေတဲ့ နတ်ဘုရားတစ်ပါးအသွင် အရှိန်အဝါတွေတောက်လောင်နေတဲ့ ကောင်လေးဆီကနေ အကြည့်မခွာနိုင်ခဲ့...
သူနာမည်က ဝမ်ရိပေါ်... ကိုယ်ကတော့ ဝမ်လို့ပဲ ခေါ်မည်... မင်းက ကိုယ့်ရဲ့ ဘုရင်လေး ဝမ်...
_
စီးပွားရေးထဲ ခေါင်းစိုက်နေရတာမို့ အနုပညာလောက အကြောင်းသိပ်မသိတဲ့သူက ဝမ်နဲ့ပတ်သက်မှ ဝမ့်အကြောင်းတွေ လိုက်စုံစမ်းရင်း တော်တော်များများ သိလာခဲ့ရတယ်။
အတွင်းရေးမှူးကတော့ သူခိုင်းတာကိုသာ သေချာလုပ်ပေးပြီး ဘာတစ်ခွန်းမှမဟ...
"ဥက္ကဌ ဒီနေ့ ဝမ်ရိပေါ်ရိုက်ကွင်း ညနေဆိုပြီးမှာပါ"
"အင်း... ဒီညနေ ဘာတွေလုပ်စရာရှိသေးလဲ"
"Prize က CEOနဲ့ ညစာစားဖို့ပဲ ကျန်ပါတော့တယ်"
"ဝမ်က ဘယ်အချိန်ပြီးမှာလဲ"
"လေးနာရီလောက်ပါ"
"ချိန်းထားတာက ခြောက်နာရီခွဲဆိုတော့ အချိန်တော့ရှိသေးတာပဲ...ဆိုင်ကလည်း ဝမ့်ရိုက်ကွင်းနားမှာပဲမလား... အခုပဲ သုံးနာရီရှိနေပြီဆိုတော့ တစ်ခါတည်း သွားလိုက်ရအောင်... ဝမ့်မျက်နှာလေး မြင်ချင်သေးတယ်"