အုတ်ခဲတွေပိတဲ့ဒဏ်က မနည်းတာမို့ ဝမ်လေးခမျာ ခွဲခန်းထဲဝင်ရသည်အထိ...
ကိုယ့်မှာ အထိအခိုက်မခံ ချစ်ရသလောက် ဝမ့်ကို ဒီလို သတိလစ်အနေအထားနဲ့ မြင်ရတာ မဟန်လှ။ ခွဲခန်းက ထွက်လာပြီးကတည်းက သုံးနာရီကြာသည်အထိ သတိမရနိုင်သေးတာမို့ စိုးရိမ်စိတ်ကညငယ်ထိပ်ဆောင့်နေပြီ...
ဝမ့် လက်ချောင်းရှည်ရှည်သွယ်သွယ်လေးတွေကို သူ့လက်တွေကြားထဲ ထည့်ယှက်ကာ ဒီကလေးလေး အမြန်ဆုံးသတိရလာစေဖို့ တောင်းဆုပြုရတယ်။ ဒီကောင်လေးကို အထိအရှမရှိစေချင်တာ သူ့တစ်သက်လုံးစာ ဆန္ဒတွေပါပဲ...
တစ်ယောက်တည်း မျက်ရည်တွေကျနေတုန်း ဖုန်းဝင်လာတာမို့ ကြည့်လိုက်တော့ အတွင်းရေးမှူးဆီက..
ဝမ် အနှောင့်အယှက်ဖြစ်မှာစိုး၍ ပြတင်းပေါက်နားသွားကာ ဖုန်းကိုင်လိုက်တော့ သူမျှော်လင့်နေတဲ့ သတင်းကိုရတယ်။ ဖြစ်နိုင်ချေရှိတယ်လို့ တွေးထားမိပေမယ့်လို့ ဒီလောက်ထိလုပ်ရက်မယ်လို့တော့ မထင်ထားခဲ့တဲ့သူဖြစ်နေတဲ့အခါ သူ့ဘက်ကလည်း ပြန်လည်တုန့်ပြန်ဖို့ တွေဝေမနေဘူး။ ဝမ့်ကို ထိပါးတာဟာ သူ့အသက်ကိုထိပါးတာမို့ ဒီလိုလုပ်ရဲတဲ့ ယင်းစူးစူးကို သူ့ဘက်ကလည်း သေချာပေါက် ပညာပြန်ပေးကိုပေးရပါမယ်။ အလျှော့ပေးဖို့ စိတ်ကူးတော့လုံးဝရှိမနေခဲ့...
အတွေးတွေနဲ့ထပ်တူ အပြုံးတွေဟာလည်း အေးစက်လျက်...
"ရှောင်း...."
ကုတင်ပေါ်က ကောင်ငယ်လေးဆီကနေ အသံလေးထွက်လာတာမို့ ပြတင်းပေါက်နားမှာ ရပ်နေမိရင်းကနေ ခပ်မြန်မြန်ပြန်လှမ်းလာမိတယ်။
ဝမ် သတိရလာပြီ...
"အင်း... ဝမ် ကိုယ်ရှိတယ်လေ ဒီမှာ ကိုယ်ရှိတယ်"
ဝမ်က လက်လေးတွေမြှောက်လာတာမို့ သူ့လက်လေးတွေကို ဆုပ်ကိုင်ပေးလိုက်တော့ ပြုံးတယ်။
"ကျွန်တော် ကြောက်နေတာ..."
"ကိုယ်တောင်းပန်ပါတယ် ဝမ်...ကိုယ်..."
သူ့ရဲ့တောင်းပန်စကားကြောင့် သတိရကာစ ဝမ်က ချက်ချင်းထ,ထိုင်လာတာမို့ သူ့မှာ ပျာပျာသလဲ ပွေ့ပေးရသေးတယ်။ အခုမှ သတိရတာမို့ နုန်းချိနေပြီး အားလည်းနည်းနေမှာ...