2.1K 274 14
                                    

ဒီနေ့ ရိပေါ်က အလုပ်ရှိတာမလို့ ရှောင်းမနိုးခင်ကတည်းက ရိုက်ကွင်းကိုလာရတယ်။ မနက်စောစော ဝေလီဝေလင်းအချိန်ကို ရိုက်ချင်တာမို့ အိမ်ကနေ မနက်နှစ်နာရီခွဲလောက်ကတည်းက ထွက်ခဲ့ရတာမို့ ခဏbreakတဲ့အချိန် ခြောက်နာရီခွဲမှာ လူကတော်တော်ပြိုင်းနေပြီ။

ညကလည်း ဇာတ်ညွှန်းကြိုဖတ်ထားရတာမို့ အိပ်ချိန်ကနှစ်နာရီလောက်သာရှိတော့ ခေါင်းတွေပင်မူးနောက်နေပြီ... တကယ်ဆို အိပ်ရာထဲခွေအိပ်ပစ်ချင်ပါသော်လည်း နောက်တစ်sceneလောက်ပြီးရင် တစ်နေကုန်နားလို့ရပြီမို့ မနည်းအားတင်းကာ ထိုင်သာထိုင်နေရတယ် လူက မူးဝေနေပြီး လန်းလန်းဆန်းဆန်းမရှိ...

"ရိပေါ်... ခဏ အိပ်ရင်အိပ်လိုက်မလား။ နောက်တစ်sceneကလည်း ပြင်ရ,ဆင်ရဦးမှာနဲ့ တော်တော်ကြာဦးမှာဆိုတော့"

"ရတယ် အစ်ကိုဝေ ကျွန်တော် ဒီမှာပဲ ထိုင်စောင့်နေလိုက်ပါ့မယ်။ ဒါပြီးရင်ပြီးပြီဆိုတော့ အိမ်ရောက်တော့မှ တစ်ခါတည်းနားလိုက်ချင်လို့"

"ဟုတ်ပြီလေ ဒါဆိုလည်း အစ်ကို မြန်မြန်ပြင်ဆင်ဖို့ စက်အဖွဲ့ကိုသွားလောလိုက်ဦးမယ်"

မန်နေဂျာဖြစ်သူ အစ်ကို‌ဝေက သူဒီအလုပ်ကို စ,လုပ်ပါပြီဆိုကတည်းက သူ့အနားရှိပေးခဲ့သူမို့ သူ့အကြောင်းကောင်းကောင်းနားလည်သည့်အပြင် ညှာလည်းညှာတတ်သေးတယ်။ တခါတလေ လုံးဝငြင်းမရတဲ့ အခြေနေမျိုးမှသာ scheduleအရမ်းကြပ်တတ်ပြီး ပုံမှန်ဆို မနက်စ,ညနေစောင်းလောက်ဆို နားရသည်ပင်... ဒီနေ့လို နေ့လည်လောက်ကတည်းက နားနိုင်တာမျိုးကတော့ တစ်လကို နှစ်ကြိမ်လောက် အစ်ကိုကသေချာပြင်ပေးသည်။

လာမယ့်အခန်းက fighting sceneမို့ settingကို အလွဲအမှားမရှိအောင် သေချာပြင်ဆင်ရသည်။ တစ်ခုခုလွဲချော်ခဲ့လျှင် အားလုံးဒုက္ခရောက်နိုင်တာမို့ အချိန်လည်းတော်တော်ပေးရသည်။

အစ်ကိုဝေ စက်အဖွဲ့တွေကို သွားပြောနေတာမို့ သူလည်း တဒိန်းဒိန်းထိုးနေတဲ့ ခေါင်းကို မေ့လိုမေ့ငြား ဖုန်းဖွင့်ကာ ဝေ့ပေါ်ဝင်လိုက်မိတယ်...

မနက်စောစောစီးစီး မြင်လိုက်ရတဲ့ သတင်းက ကျက်သရေမရှိစွာ...

王 Where stories live. Discover now