မျက်လုံးကို နေရောင်ခြည်စူးစူးက လာရောက်ထိခတ်တာမို့ မျက်မှောင်တွေကျုံ့သွားရတယ်။ ညကသောက်တာများသွားသည်ထင်... ခေါင်းတွေထိုးကိုက်နေတာမို့ တော်တော်နဲ့မထနိုင်။
အတင်းကြိုးစားလိုက်မှသာ ထနိုင်တော့တာမို့ အိပ်ရာနိုးနိုးချင်း သက်ပြင်းတစ်ခါချမိရပြန်တယ်...
အရက်တွေလျှော့သောက်မှပါ...
တဆစ်ဆစ်ကိုက်နေတဲ့ခေါင်းကို ဟိုဘက်သည်ဘက် ခပ်ကြမ်းကြမ်းခါပစ်လိုက်ကာမှ နည်းနည်းကြည်လာတာမို့ အခန်းထဲကိုအကြည့်ဝေ့မိရသည့်အဖြစ်ရယ်...
သူ့ဘေးကနေရာကို အကြည့်အရောက်မှာတော့ အံ့ဩမှုကြောင့် မျက်ဝန်းတွေအဆ,မတန် ပြူးကျယ်မိသွားရတယ်...
သူ့ဘေးမှာ အဝတ်မကပ်ဘဲ အိပ်ပျော်နေသူက တခြားသူမဟုတ်...သူ့ချစ်သည်းလေး ဝမ်ပါတဲ့!!
အထိတ်တလန့်နဲ့ သူ့ကိုယ်သူငုံ့ကြည့်လိုက်တော့လည်း တစ်ကိုယ်လုံး မိမွေးတိုင်း၊ဖမွေးတိုင်း!!
သူအရမ်းကိုတုန်လှုပ်နေမိပြီ...
ဝမ့်ကို ဘာတွေလုပ်ခဲ့မိပြီလဲ!!
ရုတ်တရက်မို့ သူ့ခေါင်းထဲလည်း ဘာမှတွေးမရ... အားလုံးကဗလာသက်သက်... စိတ်ကိုတင်းကာ ဝမ့်ကိုဖုံးနေတဲ့ စောင်လေးကိုလှပ်လိုက်တော့မှ ဘုရားပင် တ,မိရသည့်အဖြစ်...
ဝမ့်လည်တိုင်တွေကစလို့ ဝမ်းဗိုက်ချပ်ချပ်လေးပေါ်ထိ အနီကွက်တွေ...တချို့ဆို ခရမ်းရောင်ပင်သမ်းနေပြီ!!
အောက်ထိ ဆက်မကြည့်ရဲတော့တာမို့ ဝမ့်ကို စောင်လေးသေချာပြန်ခြုံပေးလိုက်ရင်း စိတ်ထိန်းကာ ရေချိုးခန်းထဲပြေးရတယ်...
သူ ဝမ့်အပေါ် မစောင့်ထိန်းနိုင် ဖြစ်ခဲ့ပြီမို့ သေချာပေါက် အရင်လို ကွယ်ရာကပဲနေ၍မဖြစ်တော့...
ဝမ့်ရှေ့ထွက်ကာ ဝမ့်ကိုတာဝန်ယူ စောင့်ရှောက်ရပေတော့မည်ပင်...
သူ့အနေနဲ့ကတော့ ချစ်ရသူ ဘုရင်ငယ်ကို တစ်သက်တာ နက်နက်ရှိုင်းရှိုင်းပတ်သက်ခွင့်ရမှာမို့ အတိုင်းထက်အလွန် ပျော်နေမိပေမယ့်လို့ ဝမ်ကတော့ သူ့ကိုမုန်းသွားနိုင်သည်ပင်...