"ရှောင်းကျန့်ကိုကို စူးအယ်ကိုမိတ်ဆက်ပေးဦးလေ"
ရိပေါ် နေ့လည်ကပဲ သူနဲ့လက်ဆက်ထားတဲ့ သူ့အမျိုးသားရဲ့လက်ကို ပိုင်စိုးပိုင်နင်းနဲ့ ချိတ်ထားတဲ့ ထို,စူးအယ်ဆိုတဲ့ အမျိုးသမီးကိုကြည့်ကာ မျက်မှောင်ကျုံ့ချင်ချင်...
သို့သော် သူက public figureမို့ စိတ်ထဲရှိသမျှ ခံစားချက်တွေကို မြိုသိပ်လို့ မျက်နှာကို ခပ်တည်တည်သာထားရတယ်။ ပွဲတစ်ခုလုံးရဲ့ အာရုံကသူတို့ဆီမှာ...
"ဒါက,ကျွန်တော့် အိမ်ထောင်ဖက်လေး... တစ်နည်း ကျွန်တော့်အသက်လေးပေါ့။ ဝမ်ရိပေါ်တဲ့ ယင်းစူးစူးသိမှာပါ... ကလေးက idolလေ... ဝမ် ..ဒါက ကိုယ့် မိတ်ဖက်ကုမ္ပဏီက ဥက္ကဌယင်းရဲ့သမီး ယင်းစူးစူးတဲ့"
ရှောင်းက သူ့ကိုဆုပ်ကိုင်ထားတဲ့ လက်တွေကို ဖယ်ချကာ ပြောလာတာမို့ ရိပေါ်မျက်နှာလေးမှာ ကျေနပ်ပြုံးလေးဖြစ်ထွန်းသွားရတယ်။ နှုတ်ခမ်းထောင့်လေး ကော့တက်သွားရုံလောက်သာ ဖြစ်တာမို့ ဝမ့်မျက်နှာကို ကမ္ဘာလုပ်ကြည့်နေတဲ့ရှောင်းကျန့်ကသာ ထိုအပြုံးကိုသေချာသတိထားမိလိုက်တယ်...
သို့သော် ယင်းစူးစူးတစ်ယောက်သည်လည်း ထိုကောင်လေးကို အထိနာအောင်လုပ်ချင်သည့်စိတ်နဲ့မို့ ပျက်ထွက်သွားမည့်ထိုကောင်လေး မျက်နှာကို အရသာခံကြည့်နေမိခြင်းမှာ စင်စစ်တွင် မျက်နှာပျက်ရသူက သူကိုယ်တိုင်သာ...
ရှောင်းကျန့်က သူနဲ့ မျက်နှာချင်းဆိုင်မှာ ရပ်နေတဲ့ ဝမ်ရိပေါ်ဆီကိုသွားလိုက်ကာ ခါးကျဉ်ကျဉ်လေးကို ဆွဲဖက်လိုက်တာမို့ ဝမ်ရိပေါ်လေးခမျာမှာ ကိုယ်လေးတွန့်ခနဲ...
လက်တွေကလည်း မသိလိုက်မသိဘာသာ ရှောင်းကျန့်ရဲ့ ရင်အုပ်ကျယ်ကျယ်ဆီသို့...
ဝမ်ရိပေါ်ရဲ့ တုန့်ပြန်မှုကို ရှောင်းကျန့်က သဘောတကျပြုံးတယ်။ နဂိုကတည်းက ရှောင်းကျန့်ကိုသာ အာရုံရှိနေတဲ့ ဝမ်ရိပေါ်တစ်ယောက် ရှောင်းကျန့်ရဲ့ အပြုံးတွေအောက်မှာ ငေးခနဲ...
"အဟင်း... ရှောင်းကျန့်ကိုကိုက သိပ်နောက်တတ်တာပဲ"
ယင်းစူးစူးရဲ့ အလိုက်မသိစွာထွက်ပေါ်လာတဲ့ အသံကြောင့် အကြည့်ချင်းစုံနေတဲ့ နှစ်ယောက်သား အကြည့်တွေလွှဲလိုက်မိကြတယ်... ဝမ်ရိပေါ်တစ်ယောက်ကတော့ အနှီ,အလိုက်မသိတဲ့ ယင်းစူးစူးကို စိတ်ထဲကနေ မေတ္တာပို့နေပြီ...