10

2.7K 237 0
                                    

နေရောင်ပြင်းပြင်းနဲ့မနက်ခင်းဟာဆေးရုံလေးတစ်ခုကိုလွှမ်းခြုံထားသည်။ဆရာဝန်တွေနဲ့လူနာပေါင်းများစွာကဆေးရုံထဲမှာမနက်ခင်းတစ်ခုကိုစတင်လိုက်ကြတယ်။Jinလည်းထို့အတူပင်........

"အားးးးခေါင်းကိုက်လိုက်တာ.....ငါဘယ်မှာလဲ"

နာကျင်နေတဲ့ခန္ဓာကိုယ်ကြောင့်တစ်ကိုယ်လုံးရုန်းထလိုက်သည်။ထလို့မရ......ခြေထောက်တစ်ဖက်ကလှုပ်လို့မရ......

"အားးးးဘာဖြစ်တာလဲ...ငါခြေထောက်"

စိတ်ပျက်စွာအော်လိုက်မိသည်။ခဏအတွင်းဆရာဝန်တွေပြေးဝင်လာပြီးးးး

"သတိရလာပြီလားးးး"

ဆရာဝန်တွေသူ့ကိုစမ်းသပ်ပေးကာ.....သူ့ခြေထောက်ကိုကိုင်လိုက်သည်။

"ဘယ်လိုလဲခြေထောက်က......"

"လှုပ်လို့မရဘူးးးး"

"ဆရာ.....ခြေထောက်ကိုထိတာသိလားးး"

"သိတယ်"

Jinရဲ့အဖြေကြောင့်ဆရာဝန်လဲကျေနပ်ဟန်ပြုံးကာ......

"ကောင်းသွားပြီပဲ.....ခြေထောက်ကတော့ခဏလေးအချိန်ယူရမယ်....တစ်လနှစ်လပေါ့"

"ဆရာ....ကျနော်ဘာလို့ဒီရောက်နေတာလဲ"

"ကားaccidientပါ...မှတ်မိရဲ့လားးးးး"

Jinလည်းခေါင်းကိုဖိကိုင်ရင်းအတန်ငယ်ကြာမှခေါင်းထောင်လာကာ

"မှတ်မိပါပြီဆရာ.....ဒါနဲ့ဘယ်သူဆေးရုံပို့ခဲ့တာလဲ"

"အဲ့တာကတော့....ကာယကံရှင် ကမသိစေချင်လို့ဖုံးကွယ်ပေးဖို့ပြောခဲ့ပါတယ်။သူကမင်းကိုသွေးလဲလှူခဲ့တယ်။သူသာမလှူရင်.....မင်းအသက်မီမှာမဟုတ်ဘူးးးးးပြီးတော့သူကတစ်ချိန်လုံးငိုနေခဲ့တာ.....သူ့နေ့တိုင်းဘယ်သူမှမသိအောင်မင်းကိုလာတွေ့တယ်။ဆရာထင်တာမင်းမိသားစုမသိအောင်လာတွေ့တတ်တယ်။"

Jinလည်းးးးခေါင်းရှုပ်သွားသည်။သူသာကူညီတာဆိုပုန်းရှောင်နေစရာမှမလိုတာ......ဘာလို့မသိစေချင်တာလဲ........

"Jinသတိရလာပြီလားးး"

အတွေးနဲ့အတူမျောနေတုန်းးးးTaeနဲ့Yoonjiဝင်လာတာကြောင့်ပြုံးပြလိုက်သည်။ဆရာဝန်ကလည်းအလိုက်သတိထွက်သွားပေးသည်။

CRUSH Hate Me (ကိုကြီးမုန်းသောကျနော်)(complete)Wo Geschichten leben. Entdecke jetzt