16

3.4K 248 6
                                    

Jinတစ်ယောက်အိမ်ပြန်လာထဲက......စိတွေရှုပ်ထွေးနေတယ်သူလုပ်ခဲ့တာမှန်လားမှားလားမဆုံးဖြတ်နိုင်ပေမယ့်.....နောင်တရသလိုခံစားရသည်။

"ငါ့ကိုအရက်ပြင်ပေးစမ်း"

Jinသူ့ဘေးကMaidတစ်ယောက်ကိုအော်ပြောလိုက်သည်။Maidလည်းချက်ချင်းထွက်သွားပြီးပြင်ပေးလိုက်သည်။

အရက်ကိုတစ်ခွက်ပြီးတစ်ခွက်အရှိန်မဲ့စွာမော့နေတဲ့Jinကအသိစိတ်ပင်မကပ်တော့

"Yoonjiကငါ့ကိုမချစ်ပဲလိမ်တယ်။Yoongiကချစ်လို့ကာကွယ်ခဲ့တယ်။ဒါပေမယ့်ငါကYoongiကိုနာကျင်စရာတွေပဲပေးခဲ့တယ်"

အာလေးလျှာလေးပြောရင်းအရက်ကိုမော့လိုက်သည်။

"ငါကYoonjiကိုချစ်ခဲ့တယ်။သူကTaeကိုချစ်တယ်။ဟားပျက်လုံးတွေပါလား"

Jinထပ်ပြောကာနောက်တစ်ခွက်မော့လိုက်သည်။

"ငါကြောင့်......ငါ့ကြောင့်Yoongiဘဝက....ငါဘာတွေလုပ်မိခဲ့တာလဲ...."

Jinနောက်တစ်ခွက်ထပ်သောက်လိုက်သည်။

"ငါ့ကြောင့်ခေါင်းတောင်မဖော်နိုင်တော့တဲ့မင်းဘဝလေးက......ငါ့အတွက်ဆိုပြီးထပ်တွေးပေးနေသေးတာလား....ငါ့ရင်သွေးကို......အသက်နဲ့ရင်းပြီးမွေးမယ်ပေါ့......ဟုတ်လား"

Jinဟားတိုက်ရီမောနေပေမယ့်မအပ်စပ်တဲ့မျက်ရည်တို့ကအလိုလိုကျဆင်းနေသည်။သူမသိတော့ဘူး

"ငါမုန်းခဲ့လားမင်းကို......မုန်းခဲ့တယ်။ဒါပေမယ့်မဟုတ်ပြန်ဘူး........မင်းငိုတာကိုသဘောကျတယ်......ငါတွေးခဲ့တာအဲ့တာပဲ"

"သားးးမူးနေပြီအိပ်တော့"

ဖခင်ဖြစ်သူကသူ့ကိုဆွဲထူရင်းပြောတော့Jinကဖခင်ဖြစ်သူဘက်ကြည့်ကာရယ်လျက်

"အဖေ.....သိလားသားလူတစ်ယောက်ရဲ့ဘဝကိုအောက်ဆုံးထိဆွဲချလိုက်မိတယ်။သူ့ဘဝကဘာမှမဟုတ်တော့ဘူး......ဒါပေမယ့်အဲ့လူကသားကိုအရမ်းချစ်တာ.......သူကGay....သားသိပ်ပြီးရွံပါတယ်ဆိုတဲ့Gay......သိလား"

Jinရဲ့မျက်ရည်တို့ကြားကပြောနေတဲ့စကားကိုဖခင်ကဘာမှမတုန့်ပြန်ပဲသူ့အခန်းထဲထိသာခေါ်သွားသည်။

CRUSH Hate Me (ကိုကြီးမုန်းသောကျနော်)(complete)Où les histoires vivent. Découvrez maintenant