18(final)

4.3K 305 23
                                    

Yoongiတစ်ယောက်ကားမောင်းလာတဲ့တစ်လျှောက်Jinဆီမှာသာအကြည့်ရောက်နေသည်။ခိုးခိုးကြည့်နေရတာလဲအခါခါပင်

"Yoongi.....ဘာလို့ကြည့်နေတာလား"

"ကိုကြီး..ဘယ်လိုလုပ်မလဲ....ကိုကြီးအဖေကိုနိုင်ငံခြားထွက်သွားမယ်လို့ကတိပေးထားတာ.....အခုက"

"စိတ်မပူနဲ့......ဖေဖေကခဏပဲပြီးရင်စိတ်ဆိုးပြေသွားမှာ"

"တကယ်လားဟင်"

"အင်း....ဗိုက်ဆာနေလားတစ်ခုခုစားမလား။"

Jinမေးတော့ခေါင်းလေးခါပြသည်။Jinလည်းအိမ်ကိုသာဦးတည်ပြီးအမြန်မောင်းခဲ့သည်။

➖➖➖➖➖➖➖➖➖➖➖➖➖➖

"အိမ်ကဘယ်လိုရတာလဲ...."

Yoongiအိမ်ထဲမဝင်ပဲအပေါက်ဝမှာရပ်ကာမေးတော့Jinလည်းလက်ကိုကိုင်ရင်းအထဲကိုခေါ်လာလိုက်သည်။အထဲရောက်တော့ခုံမှာထိုင်စေလိုက်သည်။သူကတော့ကားထဲကအထုပ်တွေသွားသယ်နေသည်။အထုပ်သယ်တာတွေ့တော့Yoongiကလာကူညီသည်။ဒီလူသားလေးဟာJinကိုအချစ်ပိုအောင်လုပ်နိုင်သည်။

"ထိုင်နေပါကွာကိုယ်ဒီလောက်တော့လုပ်နိုင်ပါတယ်"

Jinပြောတော့လည်းမငြင်းပဲထိုင်နေလိုက်သည်။အထုပ်တွေအားလုံးရွေ့ပြီးတော့Jinလည်းအနည်းငယ်မောနေသည်။

"ကိုကြီး.....ခဏ"

ပြောပြီးအိမ်ထဲပြေးဝင်သွားတာကြောင့်Jinလည်းစောင့်နေလိုက်သည်။ပြန်လာတော့ရေခွက်ယူလာပေးသည်။ဒါလိုအလိုက်သိတာလေးကိုမချစ်ပဲ.....ဘယ်သူနေနိုင်မှာလဲ......

"Yoongi....လာပေါင်ပေါ်လာထိုင်"

ပြောတော့ရှက်နေသေးသည်။ဟိုကြည့်ဒီကြည့်အကြည့်လွှဲကာသူ့ပေါင်ပေါ်လာထိုင်သည်။ကိုယ်ကပေါ့ရွှတ်နေတာပါ။Jinလည်းနားဖျားအားဖွဖွနမ်းရင်း

"Yoongi....ကိုယ်အတူနေချင်တယ်။"

Jinပြောတော့ရဲတက်သွားတဲ့မျက်နှာနုနုကိုနားဖျားအားနမ်းနေတဲ့Jinတွေ့လိုက်သည်။

"ချစ်တယ်....."

Jinမချင့်မရဲပြောရင်းလက်အသွယ်သွယ်ကိုအကျီအောက်လက်ရှိုထည့်တော့အသက်ရှူသံခပ်ပြင်းပြင်းကြားနေရသည်။

CRUSH Hate Me (ကိုကြီးမုန်းသောကျနော်)(complete)Donde viven las historias. Descúbrelo ahora