12

2.9K 228 1
                                    

Jin partyကိုကားနဲ့ဝင်လာခဲ့သည်။သူ​ေဋ္ဌေးသမီးတွေရဲ့အကြည့်ကကားပေါ်ကဆင်းလာမဲ့သူ့ဆီပို့ထားကြသည်။သူဋ္ဌေးသားအချို့ကတော့မနာလိုသူကမနာလို......အားကျသူကအားကျနှင့်ကြည့်နေကြသည်။Jinကတော့အားလုံးကိုဖြတ်ကျော်ကာ......သူဋ္ဌေးWooဆီဦးတည်လိုက်သည်။

"မင်္ဂလာညချမ်းပါ........စာချုပ်မှာလက်မှတ်ထိုးပေးပါ"

သူဋ္ဌေးWooဆိုတဲ့သူကမျက်နှာမှာကျောက်ပေါက်တွေနဲ့ရုပ်ရင်းကြမ်းတမ်းပုံပေါ်သည်။သူ့ရဲ့စရိုက်ကလည်းစိတ်ထားကောင်းမဲ့ပုံလုံးဝမပေါ်။

"ပေးးးး"

သူ့လက်ထဲကစာချုပ်ကိုဆွဲယူကာလက်မှတ်ထိုးလိုက်သည်။သူ့ကြည့်ရတာခံပြင်းနေပုံပဲ.....Jinနဲ့မဲ့ပြုံးဖြင့်

"ရှုံးပြီဆို......လက်ခံပါ။လူတိုင်းကမင်းကိုအရှုံးကိုလက်ခံနိုင်တဲ့လူကြီးလူကောင်းအဖြစ်မြင်လိုက်မယ်"

Jinရဲ့စကားကိုသူကဂရုမစိုက်ဘူးဆိုတဲ့ပုံစံနဲ့ပခုံးတွန့်ပြသည်။Jinလည်းစာချုပ်ကိုလှမ်းယူကာပြုံးပြရင်းထွက်သွားသည်။

"ဟိုင်းးးBabyပြန်တော့မို့လားးးးသောက်ကြရအောင်.....တို့ကParkကုမ္ပဏီကပါ"

ကောင်မလေးတစ်ယောက်ကသူ့ရှေ့ကကာရင်းအရက်ခွက်ထိုးပေးတော့

"စိတ်မကောင်းပါဘူးးးးးပြန်တော့မှာမို့ပါ"

"ရှင်ကဘယ်လိုလူလဲ......Partyကိုလာပြီးရှင့်ကုမ္ပဏီရဲ့သိက္ခာကိုထိန်းတဲ့အနေနဲ့ကျမတို့ကိုမျက်နှာသာပေးပါဦးးးး"

ကောင်မလေးရဲ့စကားကြောင့်Jinတွေးမိသည်။သူသာအခုချိန်ပြန်မယ်ဆို.......သူ့အနေနဲ့သူ့လက်အောက်ကကုမ္ပဏီကိုမျက်နှာသာမပေးဟုပြောလိုက်မည်။ခဏပဲမို့သည်းခံဖို့တွေးလိုက်သည်။

➖➖➖➖➖➖➖➖➖➖➖➖➖➖

Yoongiခပ်ထွေထွေလေးဖြစ်နေသည်။ဆက်သောက်ဖို့လဲမဖြစ်တော့......သူသာဆက်သောက်နေရင်....ဖေဖေဆူမှာအမှန်ပင်.......

"Barbie......ကျနော်အိမ်သာသွားဦးမယ်"

Yoongiပြောရင်းထွက်လာခဲ့သည်။သူတကယ်လဲအပေါ့သွားချင်နေသည်။အိမ်သာသွားမဲ့လမ်းကိုချိုးကွေ့လိုက်တော့......မိန်းကလေးတစ်ယောက်နဲ့အနမ်းခြွေနေတဲ့Jin......။

CRUSH Hate Me (ကိုကြီးမုန်းသောကျနော်)(complete)Dove le storie prendono vita. Scoprilo ora