13

2.9K 246 3
                                    

Yoongiတစ်ယောက်Partyကအမြန်ဆုံးထွက်လာခဲ့သည်။Namjoonကိုလည်းမစောင့်နိုင်။နာနေသောအောက်ပိုင်းကြောင့်လမ်းလျှောက်ရတာနှောင့်နှေးနေသည်။

"Taxi......Taxi"

Yoongi Taxiတစ်စီးကိုငှားရင်း

"xxxxကိုပို့ပေးပါ"

Yoongiစကားကိုလက်ခံကာကားပေါ်တက်ဖို့Taxiသမားကအချက်ပြသည်။

Yoongiလည်းကားပေါ်တက်ကာထိုင်လိုက်တော့အောင့်တက်သွားတဲ့အောက်ပိုင်းကြောင့်မျက်ရည်တောင်ဝဲသွားသည်။

*ကိုကြီးးးကျနော်တောင်းပန်ပါတယ်။ကျနော့်ဘက်ကမငြင်းမိလို့....ကိုကြီးမုန်းတဲ့Gayတစ်ယောက်နဲ့ဒီလိုအတူဖြစ်ခဲ့မှန်းသိရင်.......စိတ်တိုမှာပဲနော်.....တောင်းပန်ပါတယ်*

Yoongiအတွေးနဲ့အတူမျက်ရည်တို့ကကျဆင်းလျက်....သူဖုံးကွယ်ထားမှဖြစ်မှာဒီကိစ္စက.....အမYoonjiတို့ကောJinရဲ့အသိုင်းအဝိုင်းပါသိရင်jinကိုဝိုင်းပြစ်တင်ကြမှာ.....

Yoongiလည်းစိတ်ပြေလိုပြေငှားကားပြတင်းပေါက်ကနေတဆင့်အပြင်ကိုကြည့်လိုက်သည်။လေအေးအေးကမျက်နှာနုနုကိုဖြတ်သန်းသွားတာကြောင့်မျက်နှာလေးကရဲရဲနီနေသည်။နှာထိပ်လေးတွေဆိုတာကိတ်မုန့်ဖြူဖြူလေးပေါ်မှာချယ်ရီသီးလေးတင်ထားသလို........

➖➖➖➖➖➖➖➖➖➖➖➖➖➖

Jinနိုးလာတော့သူမသိတဲ့နေရာမှာ.....ချက်ချင်းထကာပတ်ဝန်းကျင်ကိုအကဲခတ်လိုက်သည်။အိပ်ယာဖြူလွလွပေါ်မှာသွေးကွက်တို့စွန်းထင်းနေသည်။သူ့ခန္ဓာကိုယ်ကတော့အကျီဝတ်ထားသည်။အောက်ပိုင်းလဲထို့အတူပင်။ဒါပေမယ့်သွေးက နားမလည်တဲ့အခြေအနေကိုဖြစ်စေသည်။ဒါကသူတစ်ယောက်ယောက်နဲ့ဖြစ်ခဲ့တယ်သေချာသည်။Jinလည်းစိတ်ပျက်စွာကုတင်အစွန်းနားမှာထိုင်ရင်းး

"ဘယ်သူလဲကွာ....ဗိုက်ကြီးသွားမှကွာ"

Jinလည်းမတွေးတတ်။ခုလိုအခြေအနေကိုသူဘာဆက်လုပ်ရမလဲမသိ.......

"One night standများလားးးးမဖြစ်နိုင်တာဒီလိုအဆင့်အတန်းရှိတဲ့နေရာကို.....ဘယ်သူလဲ......"

Jinလည်းခပ်တိုးတိုးရေရွတ်ရင်းစိတ်ပျက်စွာထလိုက်သည်။ရှုပ်ပွနေတဲ့ခေါင်းကိုအနည်းငယ်ပြင်လိုက်ပြီးအဲ့နေရာကအမြန်ဆုံးထွက်သွားလိုက်သည်။

CRUSH Hate Me (ကိုကြီးမုန်းသောကျနော်)(complete)Onde histórias criam vida. Descubra agora