Extra 2 {Final}

3K 242 158
                                    

Unicode

♡︎ Special Episode For Park Jimin and Jeon Junghwa ♡︎

**ဒီအပိုင်းမှာ Jungkookieကို Run Ep120က အာဂျူရှီးပေါက်စအနေနဲ့မြင်ပေးပါ😆**

Jiminတစ်‌ယောက်အိမ်ကြီး၏ပတ်လည်အားဝေ့ဝိုက်ကာကြည့်ပြီးမင်သက်‌နေမိသည်။ Jiminရဲ့ပိုင်ဆိုင်မှုမှာမသေးသိမ်ပေ‌မယ့် Jungkookရဲ့မဟူရာခြယ်အိမ်ကြီးကိုက မြင်သူတကာငေးမောစေရသည်အထိခမ်းနားလွန်းသည်လေ..။ စားပွဲပေါ်ကို နာဘီတင်လိုက်တဲ့ကော်ဖီခွက်ရဲ့ပဲ့တင်သံကိုကြားမှသာ မင်သက်မှုတွေကြားလမ်းပျောက်နေတဲ့ Jiminရဲ့စိတ်အစဉ်တို့ ပြန်လည်စုစည်းလာသည်။

" Min...မဟုတ်သေးဘူး.. Park Jimin.. ဒီအတောအတွင်း နင်ဘယ်တွေရောက်နေတာလဲ။ "

" ငါလား...
မင်းတို့ဆီပြန်လာဖို့ပဲကြိုးစားနေတာ‌ပေါ့။ "

ကော်ဖီခွက်ကိုလှမ်းယူလိုက်ပြီး တစ်ငုံသောက်ရင်းပြောလာသည်။

" ဒါပေမယ့်.. ဒီအတောတွင်း မင်းတို့သတင်းတွေကြားပါတယ်။ Jungkookကစီးပွားရေးနယ်ပယ်မှာ နာမည်ကြီးပဲလေ။ သမီးလေးနဲ့သားငယ်လေးအတွက်လည်း ဂုဏ်ယူပါတယ်။"

အပြစ်ကင်းသောအပြုံးချိုချိုကြောင့် Jiminရဲ့စကားတွေဟာရင်ထဲကလာတဲ့စစ်မှန်ခြင်းတွေဖြစ်နေမယ်ဆိုတာသိသာပါသည်။

ထိုစဉ် နံရံကွယ်ရာလေးက‌လှမ်းချောင်းနေတဲ့ JungHwaလေး..။ ချောတယ်.. ဖူးငုံနေတဲ့ နှုတ်ခမ်းသားတွေ.. နှုတ်ဖျားကနေစကားဆိုတိုင်း မှေးစင်းသွားသောစူးရှတဲ့မျက်အိမ်တွေနဲ့အတူ တပါတည်းထွက်အံလာတဲ့ရယ်သံလွင်လွင်လေးတွေ..။ ပစ်မျိုးမှဲ့မထင်ဆိုတာ Jiminလိုလူသားအတွက်ဖြစ်တည်လာတဲ့ဝေါဟာရလေးလား။

" မိjunghwa!! နင်အခုမှတွေ့တဲ့လူအပေါ်ကို မရိုးမသားစိတ်တွေထားပြီးရင်ခုန်နေတာလား! အဲ့လူက နင့်အမေသူငယ်ချင်း.. နင့်အဖေအရွယ်လောက်ရှိတယ်လေ! ငရဲမကြီးချင်ရင် အခုချက်ချင်းလူစိတ်ပြန်ဝင်စမ်း!"

အတွေးတွေနယ်လွန်နေချိန် သူမကိုယ်သူမခေါင်းကို‌ဂေါက်ကနဲမြည်အောင်ခေါက်ရင်းအသိပေးမိသည်။ ဟုတ်တယ်.. ခနတာအရူးထပြီးရင်ခုန်တာ.! ဘာမှဖြစ်မနေနဲ့ Junghwa...။ ဒါ စိတ်ကစားပြီးရင်ခုန်တာသက်သက်ပဲ!

Beyond The Tragic Ending [Completed]Where stories live. Discover now