~Unicode~
လင်းထက်လည်း ရုံးရောက်ကိုက်ရောက် ဖြစ်နေကြတဲ့
အိမ်က မျောက်ငါးကောင်ကို ရုံးထဲဝင်ဝင်ချင်း
မျက်လုံး ကစားပြီး လှည့်ပတ်ကြည့်လိုက်တယ်။'ဟော..တွေ့ပါပြီ...တစ်ယောက်ခေါင်းပေါ် တစ်ယောက်ထပ်
နေပြီး အိပ်နေလိုက်ကြတာ...ရပ်ကွက်ရုံးကို သူတို့အဖေအိမ်
မှတ်နေလား မသိဘူး။နည်းနည်းပါးပါး သနားချင်အောင်
နေမယ် မကြံကြဘူး..အိပ်ဖို့ စားဖို့ မွှေဖို့ အရေး သူတို့အရေး
ဟုသာ လက်ကိုင်ထားသူများ....ဟူးး..ကြာကြာပြောရင်
ငါမောတယ်'ဆိုပြီး စိတ်ထဲကနေ တသီတသန်းကြီး
ပြောပလိုက်တယ်။"အုပ်ကြီး...ကျွန်တော်ရောက်ပါပြီ"
ရပ်ကွက်လူကြီးရှေ့မှာ မတ်တပ်လေးရပ်ပြီး နှုတ်ဆက်လိုက်တယ်။ကျွန်တော့်အသံကြားလို့ ထင်ပါတယ်..ကုလားသေ
ကုလားမော အိပ်နေကြတဲ့ မျောက်တွေလည်း နိုးလာကြတယ်။'တော်သေးတာပေါ့..နိုးသေးလို့'ဆိုပြီး လင်းထက်တစ်ယောက်စိတ်ထဲကနေသာ ပြောလိုက်ပါတယ်။
"ဟိုလေ..အုပ်ကြီး...အဲ့ကောင်တွေ ဘာလုပ်ကြလို့ ဖမ်းလိုက်တာလဲ"
သူလည်း မေးလိုက်ရော အုပ်ကြီးဘက်ကနေ အဖြစ်အပျက်
တွေကို အစအဆုံး ပြောလိုက်တယ်။အကုန်လုံးသိလိုက်ရတော့မှ ကျွန်တော်လည်း တင်းပြီး
အဲ့ကောင်တွေဘက်ကို လှည့်ကြည့်လိုက်တယ်။ကျွန်တော်လည်း ကြည့်လိုက်ရော အကြည့်ကို ကြောက်၍
ငြိမ်ကုတ်နေသူက လေးယောက်သာ ရှိပါတယ်။
ကျွန်တော့်ကို မကြောက်သလိုလို ဘာလိုလို လုပ်နေတဲ့
ကျန်တစ်ယောက်ကတော့ ဝေယံပါ။အဲ့ကောင်က ပြန်ပြော နားမထောင်လေး။ရှုပ်သွားကြပြီ
လား..ရှင်းပြပေးမယ်...သူနဲ့ကျွန်တော် စကားပြောရင်
သူတစ်ခွန်းဆို ကိုယ်တစ်ခွန်းပဲ။ဘယ်တော့မှ အလျှော့ပေး
လေ့ မရှိကြဘူး။နားမထောင်ဆိုတာကတော့ ကျွန်တော်ပြောလိုက်တဲ့စကားတိုင်း လေပေါ်မှာပဲ ထားပြီး နားထဲ
ဘယ်တော့မှ မထည့်တဲ့အတွက်ကြောင့်ပါ။
YOU ARE READING
ရင်ခုန်သံ♡U(မင်းအချစ် ငါ့ရင်ခုန်သံ)
RomanceဒီFicလေးက ပေါ့ပေါ့ပါးပါး comedy typeလေးမို့ ဘဝအမောတွေ ပြေကြမယ်လို့ ယုံကြည်ပါတယ်🤗 #Myanmarbloc #boyslove