♡4(U+Z)

234 18 2
                                    

~Unicode~

မင်းပြည့်တစ်​ယောက် မနက်စာစားပြီး အိမ်က​နေ
လစ်ထွက်လာခဲ့တယ်။ကျွန်​တော်က အ​မွှေစိန်​လေဗျာ။
အိမ်ကပ်တယ်ရယ်လို့ ဘယ်ရှိပါ့မလဲ..ဟုတ်တယ်မလား။
ကျွန်​တော် မကူချင်လို့ မဟုတ်ပါဘူး။ရပ်ကွက်ထဲက
မနက်ခင်းသတင်းဦး သတင်းထူး​ ပူပူ​​နွေး​နွေး​လေး​တွေကို ချက်ချင်းသိချင်တာ​ကြောင့်ပါ။

"​ခေါက်ဆွဲပြုတ်ဆို ပူတုန်းစားရင် ကောင်းသလိုမျိုး
သတင်း​တွေကလည်း ဦးဦးဖျားဖျားဆိုတာ​လေးကို
နား​ထောင်လိုက်ရရင် ပိုအရသာရှိ..အဲ..မှားလို့
ပို​ကောင်း​​ကြောင်း ​ပြောချင်တာပါ"

ဟို​လေး​ယောက်ကို​တော့ ဖြစ်ချင်ရာဖြစ်
ထားခဲ့ပလိုက်တယ်။သူတို့ကလည်း ကျွန်​တော့်အ​ကြောင်းကို
နားလည်ပြီးသားပါ။အိမ်ရှင်ဦး​လေးကြီးက ပွစိပွစိလုပ်တတ်​ပေမယ့် စိတ်ရင်းကတအား​ကောင်းပါတယ်။
ဦး​လေးကြီးဆိုပြီး အသက်ကြီးတယ်လည်း မထင်ပါနဲ့။
​ကျွန်​တော်တို့ထက် ၂နှစ်​လောက်ပဲကြီးတာပါ။
လူပျိုကြီး​တွေလို ပွစိပွစိ လုပ်တတ်လွန်းလို့ ဦး​လေးကြီးလို့
​ခေါ်လိုက်တာပါ။​ဝေယံနဲ့ဆို မျက်စိ​​ရှေ့က​နေ မမြင်ချင်
​လောက်တဲ့အထိ တည့်ကြတယ်။(ရွဲ့​ပြောခြင်း)
သူတို့အ​ကြောင်းကို ကျွန်​တော်မ​ပြောပြ​တော့ဘူး။
သူတို့ဆီက​နေသာ ​နား​ထောင်လိုက်ကြပါ။

မင်းပြည့်တစ်​ယောက် အ​တွေးများစွာနဲ့ခြံ​ရှေ့မှာ
အ​တော်ကြာ​အောင်ရပ်​နေမိတယ်။သတိ​လေးလည်း
ပြန်ဝင်သွား​ရော အ​လောတကြီးနဲ့ ရပ်ကွက်​ထဲကို
​​​​ပြေးလွှားသွားလိုက်​တော့တယ်။
<><><><><><><><><><><><>
'ဒုန်း..ဝုန်း..ဝုန်း'

​လှေကားက​နေကျယ်​လောင်တဲ့​ခြေသံ​နဲ့
ဆင်းလာတဲ့လူတစ်​ယောက်​ကြောင့်
အိမ်​အောက်ထပ်က  အသက်၃၀အရွယ် နုပျို​နေဆဲ အမျိုးသမီးတစ်​ယောက်က လှမ်း​ပြောလိုက်တယ်။

'သား..အ​မေဘာ​ပြောထားလဲ
အ​ပေါ်က​နေ ဆင်းရင် ​ပြေး​ပြေးမဆင်းလာပါနဲ့
အတန်တန်​ပြောထားတယ်​..​​မေ​မေ့စကားကို
နားမ​ထောင်ဘူး​ပေါ့...ဟုတ်လား'

You've reached the end of published parts.

⏰ Last updated: Sep 10, 2021 ⏰

Add this story to your Library to get notified about new parts!

ရင်ခုန်သံ♡U(မင်းအချစ် ငါ့ရင်ခုန်သံ)Where stories live. Discover now