♡1(U+Z)

4.1K 60 0
                                    

~Unicode~
"​ဟေ့​ကောင်​တွေ..အသံတစ်သံမှ မထွက်​စေနဲ့
​သေချာတက်ကြ"

"​အေးပါကွာ...ငါသိတယ်..
မင်း​​ပြော​နေတာကမှ ခြံထဲက အဖိုးအို ​ပေါက်စ နိုးလာမှာ"

အိမ်​ရှေ့တစ်ခုရဲ့အပြင်ဘက်မှာ ​ကောင်​လေးငါး​ယောက်
ကုတ်​ချောင်းကုတ်​ချောင်း လုပ်ကာ
ခြံကို ​ကျော်တက်ဖို့ ကြိုးစား​နေကြတာပါ။
သူတို့ အခုလို ခိုး​ကြောင်ခိုးဝှက် ဝင်ရတဲ့အ​ကြောင်းအရင်းက
​တော့ ညကြီးအချိန်မ​တော်မှပြန်လာ ဖြစ်ကြလို့ပါ။

ကျွန်​တော်တို့ကို ခြံထဲ ခိုးဝင်တယ်ဆိုပြီး
သူခိုးလို့ ထင်​နေကြတယ်မလား..အဲ့လို​တော့ မထင်လိုက်ပါနဲ့
ကျွန်​တော်တို့အဖွဲ့က ​​ပေါက်ကရ​တွေ ​လျှောက်လုပ်
တတ်တာက လွဲရင် ခိုးတာ လုတာ​တွေ မလုပ်ရဲပါဘူးဗျာ။

"ရိုးသားတဲ့ ဖိုးသခွား​လေးပါ...အယ်..မှားလို့..ရိုးသားတဲ့
ဝေယံ ​လေးပါ"

အခုလို ​ခြံကျော်တက်​နေတယ်ဆိုတာကလည်း
ညဘက်၁၂နာရီဖြစ်သွား​တော့ အ​ဆောင်ထဲက ဝင်လို့
မရ။အ​ဆောင်ပိုင်ရှင် အရမ်းဘုကလန့်နိုင်တယ်။
​ယောကျာ်း​လေး​တွေကို ဟိုဘက်ခြံက မိန်းက​လေး​တွေနဲ့
မှား​နေသလား​အောင်​မေ့ရတယ်။
အ​ဆောင်ပိတ်ချိန်က ၉နာရီတဲ့​လေ။
ကြားလို့မှ ​ကောင်းကြ​သေးရဲ့လား။

အခုလည်း ​သေချာပြန်စဥ်းစားကြည့်ရင် ကျွန်​တော်တို့
မှန်​နေ​သေးတာပဲ​လေ။
ကျွန်​တော်တို့ပြန်လာတဲ့ ည၁၂နာရီဆိုတဲ့ အချိန်က
​နောက်ကျတာမှ မဟုတ်ပဲ။အကယ်၍ မနက်၃နာရီ​လောက်မှ
ပြန်လာမိခဲ့ရင်တော့ ကျွန်​တော်တို့မှားတာ​ပေါ့။
ထားပါ​လေ...အခု​တော့ ခါးက အ​တော်နာ​နေပြီ။

ဒီ​ကောင်​တွေ ဘယ်​လောက်​တောင် မြိုထားစို့ထားလဲ မသိဘူး။
သူတို့ခြံထဲ​ရောက်​အောင် ​ကျောပေါ်က​နေ ပင့်တင်​နေရတာနဲ့တင် အသက်ထွက်​တော့မယ်။ကျွန်​တော်ရယ် မှန်​ကြောင်ရယ်
က ခါးကိုကုန်း​ပေးထားရတာ။
အဲ့အ​ပေါ်ကို သူတို့က နင်းတက်​နေကြတာ။
မှန်​ကြောင်ကိုကြည့်​တော့ သူက ​အေး​ဆေး​ပေမယ့်
ကျွန်​တော်က မ​အေး​ဆေးနိုင်​တော့ဘူး။
ဒါ​ပေမယ့်လည်း ခြံထဲကို အကုန်လုံး မ​ရောက်​ရောက်​အောင်
တက်မှဖြစ်မှာ​လေ။

ရင်ခုန်သံ♡U(မင်းအချစ် ငါ့ရင်ခုန်သံ)Where stories live. Discover now