~Unicode~
"ကလင်...ကလင်"
အတွေးထဲ နစ်မြောနေတုန်း အိမ်အောက်ထပ်မှ
ဖုန်းသံကို ကြားလိုက်ရတယ်။
ဒါနဲ့ပဲ သူလည်း အိပ်ခန်းထဲကနေ အမြန်ထွက်ကာ
ကြိုးဖုန်းမြည်နေတဲ့နေရာဆီကို သွားလိုက်တယ်။လင်းထက်ကျော်တစ်ယောက် ဖုန်းကိုင်မယ်လည်း
လုပ်ရော...ကြာသွားလို့ထင်ပါတယ်...
ပြန်ကျသွားတယ်။"ဟင်း..ညဘက်ဆက်တာဆိုတော့ နောက်ပြောင်တဲ့ဖုန်း
ဖြစ်လောက်ပါတယ်လေ..ငါလည်း အောက်ထပ်ရောက်တုန်း
ရေလေးဘာလေး သောက်သွားမှ"ဆိုပြီး လှည့်ထွက်သွား
တယ်။"ကလင်...ကလင်"
သူလည်း လှည့်ထွက်ရော ထပ်မြည်လာတဲ့ဖုန်းသံကြောင့်
ဒေါသက ထွက်သွားပြီ။"ဟုတ်တယ်လေ..တကယ်တည်းမှပဲ..ရေတောင် ဖြောင့်ဖြောင့်
သွားမသောက်ရဘူး..ဟူး"မြည်နေတဲ့ဖုန်းကို ကောက်ကိုင်လိုက်ကာ....
"ဟယ်လို..ညမိုးချုပ်မှ ဘယ်က လက်ကမြင်းတဲ့သူတွေ
လာဆက်နေတာလဲကွ""မင်းဘိုးအေ..ရပ်ကွက်ရုံးက ဆက်တာ"
"ကျွန်တော့် ဘိုးအေက ရပ်ကွက်လူကြီးမှ မဟုတ်...
ဟာ..ကျွန်တော် တောင်းကန်ပါတယ်ဗျ..
မသိလို့ ဖြစ်သွားတာပါ...စိတ်မကွက်ပါနဲ့ခင်ဗျ"လင်းထက်တစ်ယောက် အားရပါးရ ပြောပြီးမှ
ပြန်တောင်းပန်နေရသည်မှာ အနည်းငယ် အူကြောင်ကြောင်
နိုင်လှသည်။တစ်ဖက်က ရပ်ကွက်လူကြီးကလည်း တရှူးရှူး
တရှဲရှဲ ဖြစ်နေရှာတယ်။"ဟို...ဘာကိစရှိလို့ ဖုန်းဆက်တာလဲ သိချင်ပါတယ်"
"အေး..မင်းမသိချင်ရင်တောင် ငါကပြောဦးမှာ
မင်းတို့အိမ်မှာ နေတဲ့ ဟိုငါးယောက် အခုရပ်ကွက်ရုံး
ရောက်နေတယ်""ဟမ်...မဟုတ်ပါဘူးဗျ...ည၉နာရီလောက်ကတောင်
သူတို့အခန်းကို ကျွန်တော် သွားကြည့်သေးတယ်
အိပ်နေကြတာပါဗျ""မောင်လင်းထက် အဲ့ဒါဆို ဒီမှာရောက်နေတဲ့
ငါးယောက်က သူတို့ကိုယ်ပွားတွေလား..ဟမ်?
YOU ARE READING
ရင်ခုန်သံ♡U(မင်းအချစ် ငါ့ရင်ခုန်သံ)
RomanceဒီFicလေးက ပေါ့ပေါ့ပါးပါး comedy typeလေးမို့ ဘဝအမောတွေ ပြေကြမယ်လို့ ယုံကြည်ပါတယ်🤗 #Myanmarbloc #boyslove