1

29.5K 1.5K 139
                                    

𝐳𝐚𝐰𝐠𝐲𝐢

'' ဝမ်ရိပေါ် လာပြီ !!! ''

ကျယ်လောင်စွာ ထွက်ပေါ်လာတဲ့ မိန်းကလေးတွေရဲ့ အသံကြောင့် နောက်ဆုံးအတန်းမှာ ခေါင်းမှောက်အိပ်နေတဲ့ရှောင်းကျန့်က ချက်ချင်း ခေါင်းထောင်ကာ ကြည့်လိုက်သည်။

ကျောပိုးအိတ်ကို ပုခုံးတစ်ဖက်မှာ သိုင်းလွယ်ကာ ဘောင်းဘီအိတ်ကတ်ထဲ လက်နှစ်ဖက်လုံးကို ထည့်ထားတဲ့ ဝမ်ရိပေါ် ။

ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ မျက်နှာထားနဲ့ ဝမ်ရိပေါ် ။

နို့နှစ်ရောင် အသားအရည် ၊ လုံးဝန်းနေတဲ့ နှာခေါင်း ၊ တင်းတင်းပိတ်ထားတဲ့ နှုတ်ခမ်းတစ်စုံ နဲ့ ဝမ်ရိပေါ် ။

' ရယ်လိုက်ရင် အရမ်းကြည့်ကောင်းမှာ '

ရှောင်းကျန့် တိုးတိုးလေး ရေရွတ်မိသည်။

ဝမ်ရိပေါ်က ထိပ်တန်းကျောင်းသား !ပညာရေးမှာရော ၊ အားကစားဘက်မှာရော ဘက်စုံထူးချွန်လို့ ဝမ်ရိပေါ်က ကျောင်းမှာ နာမည်ကြီးသည်။

ကျောင်းရဲ့ချော့ပေ့ လှပေ့ဆိုတဲ့ မိန်းကလေးတွေကလဲ ဝမ်ရိပေါ်ကမခူးပါဘဲ ညွတ်ချင်ကြပေသည်သာ။

ဝန်မခံချင်ပေမဲ့ ထိုအထဲတွင် ရှောင်းကျန့်လဲ တိတ်တိတ်လေး ပါနေခဲ့သည်။

ကျောင်းစတက်ကတည်းက လူမသိသူမသိဝမ်ရိပေါ်ကို တဖက်သတ် ခိုးကြိုက်နေတဲ့ထဲမှာ ရှောင်းကျန့် က ခေါင်းဆောင်ဖြစ်သည်။

မျက်မှန်အဝိုင်းလေးတတ်ကာ ခပ်တုံးတုံးပုံစံနဲ့ သိုသိုသိပ်သိပ် နေတတ်တဲ့ ရှောင်းကျန့် ကို အခန်းထဲမှာ ဘယ်သူမှ အရေးမလုပ်ကြပေ။

ဝမ်ရိပေါ်ဆို ရှောင်းကျန့် ကို သိဖို့နေနေသာသာ တစ်ခါမှပင် သူရှိရာဘက်ကို စောင်းငဲ့ကြည့်မလာပေ။

ဒါကိုပင် ရှောင်းကျန့် က ကျေးဇူးတင်လှပါပြီ။ သူ့ဘက်ကဘဲ တိတ်တခိုးချစ်မည် ။ 

ယောကျာ်းလေး တစ်ယောက်က ချစ်နေသည်မှန်း သိပြီး ဝမ်ရိပေါ်က သူ့ကိုမုန်းသွားမှာ သူသိပ်ကြောက်သည်။

ပြီးလျှင် မိန်းမလှလေးတွေနဲ့ ယှဉ်ရင် သူအရေးနိမ့်မှာကို သိနေလို့ ဒီတိုင်း တိတ်တိတ်လေးခိုးချစ်တော့မည်ဟု ဆုံးဖြတ်ထားသည်။

𝚂𝙴𝙲𝚁𝙴𝚃  (completed)Where stories live. Discover now