final

12.9K 903 68
                                    

Unicode

မနက်တည်းကနေ ရှောင်းကျန့် က ဖမ်းမရတဲ့ ကျီးကန်းလေး လုပ်နေသည်။

တကုတ်ကုတ်နဲ့ အိမ်ပေါ် နဲ့ အိမ်အောက်ကို တက်လိုက်ဆင်းလိုက်နှင့်။

အရင်နေ့တွေကဆို နိုးနေရင်တောင် ရိပေါ်မနှိုးမချင်းမထတဲ့ အဆိုးအဆာလေးဟာ ဒီနေ့တော့ သူ့ပါးကို တစ်ချက်နမ်းကာ အိပ်ယာထဲကနေ လှစ်ခနဲဘဲ။

" ဘာဖြစ်နေတာလဲ ရုပ်က "

မအီမသာ ဖြစ်နေတဲ့ ရိပေါ့်ကို ကုရန်က မေးသည်။

ဆိုင်ကိုလာတည်းက လင်ပူမိနေတဲ့ ရုပ်နဲ့မို့။

" ရှောင်းကျန့် ပေါ့ ကွာ မနက်တည်းကနေ ငါ့ကို ပစ်ထားတာ"

ကုရန်က ရည်းစားမရှိတဲ့ သူပီပီ ရိပေါ့်ကို မဲ့ကာကြည့်သည်။

အဆင်ပြေရင်လဲ သူတို့သိပ်ချစ်ကြကြောင်းကို အကြွားခံရ ။

အဆင်မပြေ လင်ပူမိကြရင်လဲ ကုရန်မှာ ရင်ဖွင့်စကားတွေကို တသီတတန်းကြီး နားထောင်ရနဲ့ အလူးအလိမ့်ပါဘဲ။

" မင်းတို့ဟာကလဲနော် သည်းကိုသည်းတယ် မပြောချင်ဘူး"

" မင်းက ချစ်ရမဲ့သူမှ မရှိတာ အဲ့လိုကိစ္စတွေကို ဘယ်နားလည်မလဲ "

" ဒါဆို ငါ့ကို ဘာလို့ လာပြောနေသေးလဲ!  "

" အားနေလို့ "

---------

ရိပေါ် ဆိုင်ကနေ ပြန်ရောက်တော့လဲ ရှောင်းကျန့် ကို မတွေ့။

ဒီ အချွဲလေးကတော့ လူကို စိတ်ပူအောင် ဘယ်တွေ လျှောက်သွားနေပါလိမ့်။

အရင်နေ့တွေကလို ရိပေါ့် ပြန်လာပြီဆိုပြီး သူ့ပေါ်လဲ လာခုန်တက်ပြီး ဖက်တွယ်လာခြင်းမရှိ။

စိတ်ထဲအလိုမကျစွာ အခန်းဆီလျှောက်လာခဲ့သည်။

တံခါးကို ဖွင့်လိုက်သည်နှင့် ဖောင်း ခနဲ အသံနှင့်အတူ ရှောင်းကျန့် ဟာ မွေးနေ့ပွဲတွေမှာဆောင်းတဲ့ ကတော့ချွန်ဦးထုတ်လေးနှင့် မျက်မှန်လေးလဲ ထပ်ထားရသေးတာမို့ တကယ့် ဘာရုပ်လေးမှန်းမသိ။

" Happy birthday ရိပေါ့် "

ရိပေါ်ဟာ တစ်နေ့လုံး စိတ်နွမ်းနယ်လာခဲ့ရသမျှ ရှောင်းကျန့် ရဲ့ အပြုံးလေး ချစ်စရာအပြုအမှုလေး အောက်မှာတင် ပြယ်လွင့်ကုန်ရသည်။

𝚂𝙴𝙲𝚁𝙴𝚃  (completed)Where stories live. Discover now