Zawgyi
ရှောင်းကျန့် အခု ရိပေါ့်အခန်းထဲကို ရောက်နေသည်။
ရိပေါ့် အခန်းရဲ့ နံရံမှာ ကပ်ထားတဲ့ ပန်းချီကားကြီးကိုကြည့်ကာ သူ သိပ်သဘောကျတာဘဲ။
ပြာလွင်နေတဲ့ ကောင်းကင်ကြီးရယ် ပင်လယ်ကြီးရယ် တိမ်ဖြူဖြူတွေရယ်။
ပန်းချီကားကို ခေါင်းလေး ဟိုစောင်း သည်စောင်းနှင့် ကြည့်နေစဉ် နောက်ကနေ ရိပေါ်က ခါးကိုလာဖက်ကာ သူ့ပုခုံးတွေကို ဖွဖွနမ်းသည်မို့ တစ်ချက်တွန့်သွားမိသည်။
" ရိပေါ့် "
" အင်း "
" ဒီနေ့ အိမ်မပြန်တော့ဘူးနော် ။ ပြီးရင် ဘာလို့ ခုမှ လာတာလဲ အကြာကြီးဘဲ စောင့်နေရတာ"
" အင်း "
ရိပေါ်က ဒီနေ့ ဘာဖြစ်နေမှန်းကိုမသိဘူး ။
စကားလဲ သိပ်မပြောဘဲ ရှောင်းကျန့် ကို နမ်းဘဲနမ်းနေသည်။
ဒီနေ့မှ ရိပေါ့်ရဲ့ ရီဝေဝေအကြည့်တွေကို ရှောင်းကျန့် ရင်မဆိုင်ရဲ ဖြစ်နေသည်။
"အ့.. ရိပေါ့် ! "
ပုခုံးတွေကို နမ်းတာတင် မကဘဲ ခပ်ဆတ်ဆတ်ကိုက်လာတာကြောင့် ရှောင်းကျန့်ဆီက အသံတွေ ထွက်လာရသည်။
အသက်ရှူသံတွေပြင်းကာ စိတ်လွတ်သလို လည်ပင်းတွေကိုပါ လာနမ်းနေတာကြောင့် ရှောင်းကျန့် မနေတတ်တော့။
ရိပေါ် တစ်ခုခု ဖြစ်နေတာ သေချာနေပြီ။
" ရိပေါ့် ဘာဖြစ်နေတာလဲ "
ရှောင်းကျန့် အတင်းလွန့်လိမ်ကာ ရုန်းရင်း ရိပေါ် နဲ့ မျက်နှာချင်း ဆိုင်လိုက်သည်။
" ကျန့်ကျန့်လေး.. ကိုယ့်ရဲ့ ကျန့်ကျန့်လေးလား "
အတင်းကြီး လာဖက်နေပြန်တာကြောင့် ရှောင်းကျန့် တွန့်ထုတ်လိုက်မိသည်။
" ရိပေါ့် ဘာဖြစ်နေတာလဲလို့.. ကြောက်လာပြီနော်"
ရှောင်းကျန့် ရိပေါ့်ရဲ့ အခုလို ပုံစံကို မမြင်ဖူးတာမို့ လန့်မိသည်။
" လာ..ကိုယ့်ဆီကို "
"ဟင်အင့်..မလာဘူး ! အိမ်ပြန်မယ် "