Zawgyi
" ပြော အချစ် "
တဖက်က ထွက်လာတဲ့ အသံကြောင့် ခရစ်ရှား စိတ်ပျက်သလို စုပ်သတ်မိသည်။
" ဂျက် ငါ့ကို အဲ့လို မခေါ်နဲ့လို့ ပြောထားတယ်နော် "
" အိုခေ ဘေဘီ "
အချစ်လို့ မခေါ်ပါနဲ့ ဆိုကာမှ ဘေဘီလို့ ထပ်ခေါ်လာတာကြောင့် ခရစ်ရှား ဂျက်ကို တကယ် ဒေါသထွက်လာရသည်။
" ဂျက် ! "
" အိုခေ အိုခေ မစတော့ဘူး "
" ဂျက် ဒီကို ကျောင်းပြောင်းလာခဲ့ "
" Why ! "
" လာမှာလား မလာဘူးလားပြော "
" အခုလား မနက်ဖြန်လား "
" မြန်လေကောင်းလေဘဲ "
------
ခပ်ဟော့ဟော့ နေတတ်တဲ့ ဂျက်က ခရစ်ရှားကိုဆို အမြဲတမ်း အဲ့လိုပင်။
ဂျက်က ပုခုံးလောက်ထိရှည်တဲ့ ဆံပင်တွေကို အမြဲတစေ ချထားတတ်သည်။
သို့ပေမဲ့ သူ့ရဲ့ ဘယ်ဘက်လက်ကောက်ပေါ်မှာတော့ အမဲရောင် ဆံစည်းကြိုးလေးတစ်ခုက အမြဲတမ်းပါနေတတ်သည်။အရပ်ရှည်ပြီး ကြည်လင်တဲ့ အသားအရေ နဲ့ ဂျက်က နိုင်ငံခြားသားတစ်ဦးပင် ဖြစ်သည်။
ရှား နိုင်ငံခြားမှာ နေခဲ့စဉ်က ရင်းနှီးခဲ့တာပင် ။ အမြဲတစေ ရှားနားမှာ ဂျက်က တောက်တဲ့လို ကပ်တွယ်နေတတ်သည်။
ရှားအနားကို လာကပ်တဲ့ ကောင်မှန်သမျှ ဂျက်နဲ့ ငြိတာပင်။
ဂျက်က ရှားကို တဖက်သတ်ကြိုက်နေတဲ့ ကောင်။
အသေရရ အရှင်ရရ ယူမဲ့ သူမျိုးပင် ။ ရှားရဲ့ မျက်နှာ တစ်ချက် မပျက်စေရ အကုန်ဖြည်းဆည်းပေးတတ်သည်။
ရိုင်းရိုင်းပြောရရင် ဂျက်က ခရစ်ရှားကို စောက်ရမ်း ချစ်ပြီး နွားခံနေတာမျိုးပင် ။
ဒါကလဲ ခရစ်ရှား တစ်ယောက်တည်း အတွက်သာ ဖြစ်သည်။
တခြားကောင်မလေးတွေဆို ဂျက်ကလှည့်ပင် ကြည့်သည်မဟုတ် ။ ခရစ်ရှား နဲ့ ကျမှ အချစ်ကျေးကျွန်ကြီး ဖြစ်နေတာ ။