Zawgyi
အိပ်ယာထဲ လှဲနေတဲ့ အဘွားကို အကုန်လုံးက စိုးရိမ်စွာ ကြည့်နေကြသည်။
အမေကတော့ ရှောင်းကျန့် ကို ကြည့်လိုက် ရိပေါ့်ကို ကြည့်လိုက်နှင့် သက်ပြင်းသာ ချမိသည်။
မျက်နှာငယ်လေးနဲ့ အဘွားဖြစ်သူကို စိုးရိမ်နေရှာတဲ့ သားဖြစ်သူကိုလဲ မဆူရက်။
သူမတို့က ဘာမှမသိတတ်တဲ့ ကလေးငယ်ငယ် လို့ ထင်ထားပေမဲ့ သားဖြစ်သူက ချစ်တယ် ကြိုက်တယ် ဆိုတဲ့ စကားလုံးတွေနှင့် ရင်းနှီးကျွမ်းဝင်ကုန်ပြီ။
-----
ဆရာဝန်ပြန်သွားလို့ အဘွားက သတိရလာ သည့်တိုင် ရိပေါ့်ကို မခေါ်မပြောပေ။
ဟုတ်သည်လေ သူမတို့ရဲ့ ကလေးကို လာလုတဲ့ သူကို ပျော်ပျော်ကြီး နှုတ်ဆက်နေရမှာလား။
ကုတင်ပေါ် မှီကာ အဘွားက မျက်လုံးတွေ မှိတ်ထားသည်။
ရှောင်းကျန့် အမေကတော့ ဒီအခြေနေကို အားနာနေသလို ရိပေါ့်ကိုတော့ ပြုံးပြရှာပါသည်။
ရိပေါ့်မှာလဲ တကယ်ပင် အနေရခက်လှသည်။
အဘွားက သူတို့ကလေးကို လာလုတယ် ဆိုပြီး စကားတစ်ခွန်းသာ ပြောကာ ဆက်မပြောတော့ပေ။
ရိပေါ်ကလဲ အဘွားကို ပြောပြချင်ပါသည်။
ကျောင်းမပြီးသေးတာကြောင့် မလုသေးပါဘူးလို့။
ရှောင်းကျန့်ကတော့ ထုံးစံအတိုင်း ကပ်ချွဲနေရှာသည်။
" သား ရိပေါ် "
" ဟုတ်ကဲ့ပါ အန်တီ "
" အပြင်ခဏလောက် လိုက်ခဲ့ပေးပါလား "
" ဟုတ်ကဲ့ "
------
ချစ်သူ ရည်းစားလေး ထားတာက အရေးတကြီး မဟုတ်ပေမဲ့ သူမတို့ကလေးက ရင်းနှီးတဲ့ လူတွေအပေါ်မှာသာ ခပ်ဆိုးဆိုးလုပ်တာ။
တခြားသူတွေ နဲ့ဆို မခေါ်မပြောပေ။
ငတုံးကောင် ၊ အူတူတူ နဲ့ ဆိုပြီး ခဏခဏ အပြောခံရတတ်တာမို့ သူငယ်ချင်း အပေါင်းအသင်းလဲ မထားတာပင်။
အစွဲလမ်းကြီးတဲ့ ဒီကလေးက ချစ်သူတောင် ထားလိုက်သေးတယ်ဆိုတော့ ရိပေါ့်အပေါ် တော်တော်လေး သံယောဇဉ် ရှိပုံရသည်။