5

11.2K 1.3K 112
                                    

Zawgyi

ရှောင်းကျန့် သူ့နောက်မှာ ရောက်နေသူဟာ မည်သူလဲ ဆိုတာ သိသည်။

သို့ပေမဲ့ လှည့်မကြည့်ပေ ။ ဓာတ်ပုံခွာနေတဲ့ လက်နှစ်ဖက်ကို အမြန်ရုတ်ကာ လွယ်အိတ်ကြိုးနှစ်ဖက်ကို တင်းကျပ်စွာ ဆုတ်ကိုင်လိုက်သည်။

အမှန်ဆို သူ ဓာတ်ပုံကို အမြန်ခွာပြီး ထွက်ပြေးလာခဲ့ရမှာ။

အခုတော့ ဓာတ်ပုံပါမရတဲ့အပြင် လူမိပါခံနေရပြီ။

" ဆက်ခွာလေ "

ရိပေါ်က နောက်ကရပ်နေရင်းကနေ ကိုယ်ကိုကိုင်းရင်း ရှောင်းကျန့် နားနားလေးကပ်ကာ လေသံဖွဖွလေးနဲ့ ပြောသည်။

အဲ့ဒီလေသံတိုးတိုးက ရှောင်းကျန့် ကို အဆမတန်ရင်ခုန်စေသည် ။

ဒါအပြင့် ရိပေါ်က ခြေလှမ်းတွေကိုရွေ့ကာ ရှေ့တိုးလာတာမို့ ရှောင်းကျန့် ရဲ့ ကျောပြင်လေးဟာ ရီပေါ့်ရင်ခွင်ထဲ ရောက်သွားရသည်။

ရှောင်းကျန့် မျက်မှန်ကိုပင် မပင့်တင်ရဲတော့။

အခုဝမ်ရိပေါ်က ဘာဖြစ်ချင်နေတာလဲ မသိပေမဲ့ သူကတော့ ရင်တုန်လွန်းလို့ ဒူးတွေပင် ခွေကျချင်လာသည်။

" မင်း နွားနို့လာပို့တဲ့ တစ်ယောက် မဟုတ်လား "

ရိပေါ် က မေးတော့ ရှောင်းကျန့် ခေါင်းတဆတ်ဆတ်ငြိမ့်ပြသည်။

" ဘာလို့ ကိုယ့်ပုံတွေကို ခွာနေတာလဲ "

ရှောင်းကျန့် က ပြန်မဖြေ ။ တိတ်ဆိတ်နေသည်။

" မေးနေတယ်လေ "

" ဟို..လေ..လေတိုက်လို့ ပုံတွေက ကွာပြီး ပြုတ်ကျမလို ဖြစ်နေတာ အဲ့တာကြောင့် ပြန်..ပြန်ကပ်ပေးမလို့ "

" မင်းကလူလိမ်လေးဘဲ "

ရိပေါ့်ဆီက လူလိမ်ဆိုတဲ့ အသံကိုကြားတော့ ရှောင်းကျန့် ဟာ ရိပေါ် ရှိရာဘက်ကို လှည့်လာသည်။

လူချင်း အရမ်းနီးကပ်နေသည်မို့ ရှောင်းကျန့် နောက်ကို နည်းနည်းဆုတ်လိုက်သည်။

" ဘယ်သူက လူလိမ်လဲ "

ရိပေါ်က ရှောင်းကျန့်ကို အရမ်းအေးစက်လွန်းတယ်လို့ ထင်ထားပေမဲ့ ရှောင်းကျန့် က သူထင်ထားသလို မဟုတ်ပေ။

𝚂𝙴𝙲𝚁𝙴𝚃  (completed)Donde viven las historias. Descúbrelo ahora