ရိပေါ်တစ်ယောက် အိမ်ပြန်ရောက်တော့ သူ့အခန်းထဲတွင် ရေမိုးချိုးပြီးနောက် bathrobe လေးပတ်ကာ ဗီရိုထဲရှိအ၀တ်အစားများကိုထုတ်ရင်း အတွေးနယ်ချဲ့နေမိသည်။
နေ့လည်က ရှောင်းကျန့်တစ်ယောက် သူ့ကိုအတည်ပေါက်ကြီးဖွင့်ပြောတော့ သူရောချကာရှောင်ထွက်လာနိုင်ခဲ့ပြီးနောက် အလုပ်လုပ်နေချိန် တစ်ချိန်လူံး သူရော ရှောင်းကျန့်ရော အဲ့အကြောင်းပြန်မဟခဲ့ကြချေ။ တူတူပြန်လာသည့်လမ်းတွင်လည်း ရှောင်းကျန့်ကသူ့ဘာသာသူကားမောင်း ရိပေါ်ကလည်း ကားမှန်အပြင်ဘက်ကိုသာကြည့်ရင်း အာရုံလွှဲနေခဲ့သည်။
ရိပေါ် ဒီအိမ်ကို ချည်းကပ်သည့်အကြံအောင်မြင်ခဲ့သော်လည်း
ဒီလိုသူ့ကိုရှောင်းကျန့် ချစ်နေတယ်ဆိုပြီးဖွင့်ပြောမှာကိုတော့ သူထင်မထားခဲ့သလို အံ့ဩမိတာအမှန်။ အစီအစဉ်ထဲတွင်လည်း ဒီအခြေအနေကြီးကိုထည့်မတွက်ထားခဲ့သည်လေ။"ဘာလဲဟ!! ငါ့ကိုနောက်တာလား ဒါမှမဟုတ် ညီလေးတစ်ယောက်လိုခင်တာကို ချစ်တာလို့အထင်မှားနေတာလား? ဒါမှမဟုတ် တစ်ခါမှမချစ်ဖူးလို့များ ဒါကိုအချစ်လို့ထင်နေတာလား ဟုတ်တယ် အဲ့တာပဲဖြစ်မှာ... ဒါပေမယ့် ဘာလို့ ငါကရင်ခုန်နေရတာလဲ ယောကျာ်းတစ်ယောက်က ချစ်တယ်ပြောတာကိုလေ...ကျစ်... ကောင်မလေးတောင်မထားခဲ့ဖူးတာကို ယောကျာ်းတစ်ယောက်ဆီကရည်းစားစကားပြောခံရတယ်လို့ ၀မ်ရိပေါ်ရာ"
ထိုစဉ် ရုတ်တရက်အခန်းတံခါးပွင့်လာပြီး မြင်လိုက်ရသော ခါးတွင်သဘက်တစ်ခုသာပတ်ထားသောရှောင်းကျန့်ကြောင့်..
"ချီးး...အား ရှီးး လန့်လိုက်တာ...ရား.. ခင်ဗျား ဘာလို့ သူများအခန်းကို အသံမပေးဘာမပေးနဲ့ဝင်လာရတာလဲ ပိုင်စိုးပိုင်နင်းနဲ့!! ခင်ဗျားအိမ်မှာနေတယ်ဆိုပြီး လုပ်ချင်တိုင်းလုပ်တာလား!!"
"ငါ တံခါးခေါက်နေတာ အကြာကြီးပဲ ...ဘာသံမှမကြားလို့ တစ်ခုခုဖြစ်နေတယ်ထင်လို့ ဖွင့်လိုက်တာ "
ရိပေါ်တစ်ယောက် သူ့အတွေးနယ်ထဲနစ်မြောနေမှုကြောင့် မကြားမိသောအပြစ်ကြောင့် ဘာမှဆက်မပြောပဲတိတ်နေလိုက်သည်။
YOU ARE READING
Little Addictive Drug Called "Babe Wang"
Lãng mạnခင်ဗျားကြီးနဲ့ကျွန်တော်ကမဆုံနိုင်တဲ့မျဉ်းပြိုင်နှစ်ကြောင်းပဲ - Yibo. - ငါမင်းကိုဘယ်လိုနည်းနဲ့မှလက်လွှတ်မှာမဟုတ်ဘူး ၀မ်ငယ် - Xiao Zhan. - ငါဆိုတာကလွယ်လွယ်နဲ့လက်လျှော့တတ်တဲ့မိန်းမမဟုတ်ဘူး ...