1:00 am @Nightingale Bar
ရောင်စုံမီးရောင်ကြား ကခုန်နေသောသူများဖြင့်စည်ကားနေသော မြူးထူးဖွယ် သီချင်းများဖြင့်ဆူညံနေလေသည်။
Xiao Zhan တစ်ယောက် sexy ကျကျ ကနေသော မိန်းကလေးများကိုကျော်လွှား၍ Bar နေရာသို့သာ တည့်တည့်မတ်မတ်လာ၍ခုံတွင်ထိုင်လိုက်သည်။
သူနှင့်မျက်နှာချင်းဆိုင်တွင် သွက်လက်မြန်ဆန်သော လက်ချောင်းသွယ်လေးများဖြင့် အဖျော်ယမကာပေါင်းစုံကို ကျွမ်းကျင်စွာဖျော်စပ်နေသောကောင်လေးတစ်ယောက်..
ထိုကောင်လေးမှာမီးရောင်မှိန်မှိန်ကြားထဲမှာပင် တခြားလူတွေနဲ့ယှဉ်မရအောင် တောက်ပလွန်းသည်... ပါးလေးဖောင်း၍ ချစ်စရာကောင်းနေသော်လည်း သူ၏ style နှင့်အကြည့်တို့က အင်မတန်ဆွဲဆောင်မှုရှိလွန်းသည်.
ထိုကောင်လေး၏ဆွဲဆောင်မှုတွေကြားတွင် ရှောင်းကျန့်တစ်ယောက် ခဏတာနစ်မြောသွားမိသော်လည်း ချက်ချင်းသတိပြန်ထိန်းကာ....
^ ဟေ့ ကောင်လေး...Mojito တစ်ခွက် ^
သူ့အသံကြောင့် ထိုကောင်လေးက အလုပ်လုပ်နေရင်းမှ တစ်ချက်မော့ကြည့်ကာ ပြုံးပြလိုက်ပြီး...
^ ဟုတ်ကဲ့^
ထိုကောင်လေးနာမည်ကား Wang Yibo ...သို့သော် Yibo ဆိုသည်မှာ သူ၏နာမည်အရင်းမဟုတ်... နာမည်အရင်းမှာ Kim Min Hyuk ဖြစ်သည်။ Korea နိုင်ငံသားဖြစ်ပြီး နာမည်ဖျက်၍ တရုတ်သို့လာနေရခြင်း၏တစ်ခုတည်းသော ရည်ရွယ်ချက်မှာ သူငယ်စဉ်ကပင် သူတို့မိသားစုကိုထားခဲ့သော အမေအရင်းကိုရှာရန်ဖြစ်လေသည်။
YOU ARE READING
Little Addictive Drug Called "Babe Wang"
Romanceခင်ဗျားကြီးနဲ့ကျွန်တော်ကမဆုံနိုင်တဲ့မျဉ်းပြိုင်နှစ်ကြောင်းပဲ - Yibo. - ငါမင်းကိုဘယ်လိုနည်းနဲ့မှလက်လွှတ်မှာမဟုတ်ဘူး ၀မ်ငယ် - Xiao Zhan. - ငါဆိုတာကလွယ်လွယ်နဲ့လက်လျှော့တတ်တဲ့မိန်းမမဟုတ်ဘူး ...