❤️Part 9(Zawgyi)💚

337 28 0
                                    

^တီ .... တီ...^

"၀မ်ရိပေါ်!!! မလာသေးဘူးလား‌ နောက်ကျတော့မယ်"

အလုပ်ပြန်တက်မည့်ပထမဆူံးရက်တွင် နောက်ကျနေသဖြင့်
ကားပေါ်ရောက်နှင့်နေသည့် ရှောင်းကျန့်တစ်ယောက် ပြင်ဆင်၍မပြီးသေးသော အိမ်ထဲမှရိပေါ်ကို တစာစာအော်ခေါ်နေခြင်း....

"လာပြီ "

အသံစူးရှရှလေးနှင့်အတူ အိမ်တံခါးပိတ်၍ hand bag လေးနှင့်အတူ ကားထဲဝင်လာပြီး သူ့ဘေးခုံတွင်ဝင်ထိုင်လာသော suit အပြည့်နှင့် ရိပေါ်က အရင်ရက်တွေက T shirt ဘောင်းဘီအပွကိုသာဝတ်လေ့ရှိသော ကလေးလေးရိပေါ်နှင့် လုံးဝကွာခြားနေသည်။

"ဘာကြည့်နေတာလဲ ရှောင်းကျန့်...ခင်ဗျားပဲနောက်ကျနေပြီဆို??"

ရိပေါ်ရဲ့ ပြူးကြောင်ကြောင်ဖြင့် ငေါက်လိုက်သောစကားကြောင့် ဆရာရှောင်းလည်း ငမ်းး(အဲ...မှားလို့) ကြည့်နေတာကို ရပ်လိုက်ကာ ချောင်းတစ်ချက်ဟန့်ပြီး ကားကိုမောင်းထွက်လာလိုက်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~

Xiao Zhan Company, ရှေ့ကားရပ်လိုက်သော် အ၀င်ပေါက်ဝမှ Security များက သူ့ကားကိုမြင်သည်နှင့်တပြိုင်နက် ကားတံခါးကိုအပြေးလာဖွင့်ပေးကြသည်။

Xiao Zhan လည်းတစ်ယောက်တည်းအရင်ဆင်းလိုက်ကာ ဘေးက တံခါးဖွင့်ပေးထားသော်လည်း မဆင်းနိုင်သေးသည့် ရိပေါ်ကို လက်ဆွဲ၍ထုတ်ကာ...

"ဘာဖြစ်နေတာလဲ ဘာလို့မဆင်းတာလဲ"

"ဟို နည်းနည်း စိမ်းနေလို့ ပထမဆုံးရက်ဆိုတော့"

ရိပေါ်ရဲ့မျက်နှာ‌ငယ်လေးနှင့်ပြောလာသောစကားကို ဆရာရှောင်းတစ်ယောက် တစ်ချက်ရယ်ကာ...

"ဘာမှကြောက်စရာမရှိဘူး ငါတစ်ယောက်လုံးရှိတယ် ဟုတ်ပြီလား လာ သွားမယ်"

ဤသို့ဖြင့် ရိပေါ်တစ်ယောက်လည်း ရှောင်းကျန့်ရဲ့ ဆွဲခေါ်မှုနောက် ကောက်ကောက်ပါသွားလေသည်။

အထဲရောက်သော် တခြား ကုမ္ပဏီဝန်ထမ်းများ၏ သူ့ကိုထူးထူးဆန်းဆန်းကြည့်သော အကြည့်စိမ်းများနှင့် သူ့ကိုလက်ဆွဲ၍ ရှေ့ကခပ်သွက်သွက် ခြေလှမ်းကျဲကြီးများနှင့် လျှောက်နေသော ရှောင်းကျန့်အား တရိုတသေနှုတ်ဆက်မှုများကို ခံနေရသည်။

Little Addictive Drug Called "Babe Wang" Where stories live. Discover now