ဆေးရုံခန်းအတွင်းရှိ ကုတင်ပေါ်တွင် ဆန့်ဆန့်ကလေးလဲနေပြီး ခေါင်းတွင် ပတ်တီးအဖြူလေးပတ်ထားကာ မေ့မြောနေသောကောင်လေးရဲ့ လက်ကလေးကိုဆုပ်ကိုင်ကာ ရှောင်းကျန့်တစ်ယောက် စိုးရိမ်တကြီး....
"ကလေးရယ်...သတိပြန်ရလာပါတော့ကွာ..."
"ရှောင်းကျန့်... မင်းညကတည်းကနေ ခုထိ အစာမစား ရေလည်းတစ်ငုံမှမသောက်... မင်းရဲ့ကလေးက မသေပဲ မင်းသေနေဉီးမယ်..."
ကျန်းချန်က နောက်က ဆိုဖာပေါ်တွင် ထိုင်နေရင်း စိတ်မသက်မသာဖြင့်လှမ်းငေါက်လိုက်တော့ ရှောင်းကျန့်တစ်ယောက် ခေါင်းသာတွင်တွင်ခါရင်း...
"ဟင့်အင်း ရိပေါ်က ငါ့ကြောင့်ဒီလိုဖြစ်သွားရတာ သူသတိမရမချင်း ငါဘာမှမစား ဘာမှမသောက်ဘူးကွာ"
"ရှောင်းကျန့်.... မင်းမဟုတ်မှလွဲရော... သူ့ကိုချစ်နေပြီလား"
ကျန်းချန်ရဲ့ရုတ်တရက်ဆန်သောစကားကြောင့် ရှောင်းကျန့်တစ်ယောက် သူ့ကိုယ်သူပြန်ဆန်းစစ်လိုက်မိသည်...
ဟုတ်လည်းဟုတ်သည်။ သူတစ်ခါမှ ဘယ်သူ့ကိုမှစိတ်မပူခဲ့ ဂရုမစိုက်ခဲ့ဖူး ဘယ်သူ့ကြောင့်မှ ရင်မခုန်ခဲ့ဖူးးပေ။ ဒါပေမယ့် ဒီကလေးကိုတော့ သူတကယ်ပိုနေမိသည်။*မဖြစ်နိုင်တာ.. သူကယောကျာ်းလေးလေ..ရှောင်းရှောင်ကျန့် မင်းဘာဖြစ်ချင်နေတာလဲ*
သူ့မေးခွန်းကိုမဟုတ်ဘူးဟု ဘုတောတောကာပြန်မဖြေပဲ အသေအချာစဉ်းစားနေပုံရသော ရှောင်းကျန့်ကြောင့် အံ့ဩခြင်းများစွာနှင့်အတူ ကျန်းချန်တစ်ယောက်ထလာပြီး အနားကပ်လာကာ...
"ဟုတ်နေတာပဲ ရှောင်းရှောင်ကျန့် နောက်ဆုံးတော့ မင်းကွေးသွားခဲ့ပြီပဲ ဟားဟား ဂုဏ်ပြုပါတယ် ငါ့သူငယ်ချင်းကြီး"
"ဟာ မင်း တိတ်တိတ်နေ..."
ထိုစဉ် ရှောင်းကျန့်ဆုပ်ကိုင်ထားသော လက်ကလေး၏ လှုပ်ရှားလာမှုနှင့်အတူ မသဲမကွဲလေးထွက်လာသော ညီးညူသံကလေး....
"အိုမား ....အင်းးး...ထား မ မသွားပါနဲ့....ဟင့် "
"ဟင် ...က ကလေးး... သတိရပြီလား ရိပေါ်...ရိပေါ်...."
YOU ARE READING
Little Addictive Drug Called "Babe Wang"
Romanceခင်ဗျားကြီးနဲ့ကျွန်တော်ကမဆုံနိုင်တဲ့မျဉ်းပြိုင်နှစ်ကြောင်းပဲ - Yibo. - ငါမင်းကိုဘယ်လိုနည်းနဲ့မှလက်လွှတ်မှာမဟုတ်ဘူး ၀မ်ငယ် - Xiao Zhan. - ငါဆိုတာကလွယ်လွယ်နဲ့လက်လျှော့တတ်တဲ့မိန်းမမဟုတ်ဘူး ...