တစ်နာရီလောက် မြို့ပြင်သို့ မောင်းလာပြီးသည့်နောက် Xiao Zhan တစ်ယောက် ခမ်းနားလှသည့် အပန်းဖြေစံအိမ်ကြီးရှေ့တွင်ကားကိုထိုးရပ်လိုက်တော့...
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. ဟင် ဘာလို့ရပ်လိုက်တာတုန်း"
မျက်လုံးအဝိုင်းသားလေးနှင့် မေးလာသည့်ရိပေါ်ကို
ရှောင်းကျန့် မထူးဆန်းသည့်ပုံစံနှင့် ကြည့်ရင်း..."ရောက်ပြီမို့လို့လေ ဒါငါ့အိမ်ပဲ...ဆင်းကြမယ်"
Yibo တစ်ယောက် စိတ်ထဲတွင် *ဟင် ဒါအိမ်လား? ငါသေပြီး နတ်ပြည်ရောက်နေတာလား!!?* အိမ်ကြီးကိုကြည့်ကာ မှင်သက်နေဟန်ဖြင့် ချက်ချင်းမဆင်းလာသော ရိပေါ်ကို အပြင်ရောက်နေပြီဖြစ်သည့် ရှောင်းကျန့်တစ်ယောက်စိတ်မရှည်တော့သဖြင့် ကားတံခါးဖွင့်ကာ လက်မောင်းကနေကိုင်ပြီး ဆွဲထုတ်လိုက်ကာ ရှေ့မှ ဉီးဆောင်သွားပြီး အိမ်ထဲဝင်သွားတော့ ရိပေါ်လည်း ကုပ်ချောင်းချောင်းဖြင့် နောက်မှထပ်ကြပ်မကွာလိုက်ရတော့သည်။
အိမ်ထဲရောက်တော့လည်း Yibo တစ်ယောက် နန်းတော်ကြီးတမျှ လှပလွန်းသောအခန်းတွင်းအပြင်အဆင်များကို ပါးစပ်အဟောင်းသားဖြင့် ငေးနေတုန်း....
"မတ်တပ်ကြီးဘာလုပ်နေတာတုန်း ထိုင်လေ sofa ပေါ်"
"ဪ အင်း ဟုတ်"
ရှောင်းကျန့်စကားကြောင့် ရိပေါ်တစ်ယောက် sofa ပေါ်ထိုင်လိုက်သည်။ ခဏနေတော့ ရှောင်းကျန့်တစ်ယောက် အအေးနှစ်ခွက်ကိုင်လာကာ တစ်ခွက်ကို စားပွဲပေါ်ချပေးလိုက်ပြီး....
"ရော့ သောက်လိုက်ဉီး ပြီးရင် အပေါ်ထပ်ကမင်းနေရမယ့် အခန်းကိုလိုက်ပို့ပေးမယ်"
" ဟုတ် ဒါနဲ့ ဒီလောက်ကြီးတဲ့အိမ်ကြီးမှာ ခင်ဗျားတစ်ယောက်တည်းနေတာလား?"

YOU ARE READING
Little Addictive Drug Called "Babe Wang"
Storie d'amoreခင်ဗျားကြီးနဲ့ကျွန်တော်ကမဆုံနိုင်တဲ့မျဉ်းပြိုင်နှစ်ကြောင်းပဲ - Yibo. - ငါမင်းကိုဘယ်လိုနည်းနဲ့မှလက်လွှတ်မှာမဟုတ်ဘူး ၀မ်ငယ် - Xiao Zhan. - ငါဆိုတာကလွယ်လွယ်နဲ့လက်လျှော့တတ်တဲ့မိန်းမမဟုတ်ဘူး ...