<Unicode>
ရာသီဥတု ပူတာမို့ ကလေးတွေရဲ့ အဆောင်ရှေ့က အရိပ်ရတဲ့သစ်ပစ်အောက်က ခုတန်းရှည်ပေါ် တင်ပလင်ခွေထိုင်လိုက်တယ်။ဘေးမှာတော့ ရှောင်းကျန့်သိပ်ကြိုက်တဲ့ Bubble Milk Tea တစ်ဘူးနဲ့ပေါ့။Dayကို အပူကပ်ပြီးသွားဝယ်ခိုင်းထားရတယ်။- ကျန့်ကျန့် ခြေထောက်သက်သာနေပြီလား..
ဘဲကြီးသူငယ်ချင်းဆိုတဲ့ လီရန်ကောက ဘေးမှာဝင်ထိုင်ရင်းမေးတယ်။
- ဟုတ်လီရန်ကော..ဘဲကြီးဝယ်ပေးတဲ့ ဆေးကြောင့်အတော်အဆင်ပြေသွားပြီ..
ဘဲကြီးကို ကျေးဇူးတော့တင်မိသား..။
- အကို့ကျတော့ လီရန်ကောခေါ်ပြီး..ရိပေါ်ကျ ဘာလို့ဘဲကြီးလဲ..အကိုနဲ့ရိပေါ်က ရွယ်တူပဲ
- အာ..အဲ့တာကျ ဟိုက ဘဲကြီးခေါ်ချင်စရာကြီးကို..
ဘယ်လိုပြောရမလဲ ခေတ်စကားနဲ့ပြောရရင် Daddy Typeကြီးနဲ့လေရှောင်းကျန့်အဖြေကြားတော့ လီရန်ကောက သွား၃၂ချောင်းပေါ်အောင်ရယ်တယ်။
- ရိပေါ်က ရှင်းလေရှုပ်လေဖြစ်တဲ့ ပုစ္ဆာလိုပဲ..မင်းသိလား
ကျန့်ကျန့်
- ဟမ်..
- ဘဲကြီးလို့ခေါ်ရင် ရိပေါ်တကယ်မကြိုက်တာ..ရှောင်းကျန့် အတော်လန့်သွားတယ်။
- တကယ်လားဟင်..အဲတာကြောင့်ပဲ ကျနော် ဘဲကြီးလို့ခေါ်ရင် မျက်မှောင်ကြုတ်ကြည့်နေတာထင်တယ်..ကျနော့်ကို ထိုးရင်ဘယ်လိုလုပ်မလဲ
မပြောနိုင်ဘူးလေ။ဒေါသတွေစုပြီးပေါက်ကွဲလာရင် ဘယ်လိုလုပ်မလဲ။ရှောင်းကျန့်ကိုတောင် ဘဲကြီးက အသာလေးချီနိုင်တာကို ကိုင်ပေါက်ရင်သေလောက်တယ်။
- ထိုးလိမ့်မယ်..
- ဟမ်လီရန်ကောစကားကြောင့် ရှောက်းကျန့်မျက်လုံးတွေပြူးကျယ်ကုန်တယ်။ဘဲကြီးက ထိုးလိမ့်မယ်တဲ့။အိမ်မှာတောင် ဘယ်တော့မှ အဆူမခံရဖူးတဲ့ရှောင်းကျန့်က ဘဲကြီးထိုးတာခံရတော့မယ်တဲ့။မားရယ်ကယ်ပါအုံး။
- နှုတ်ခမ်းနဲ့လေ..
- ဟမ်ရှောင်းကျန့်ဖြစ်ပျက်နေတဲ့ပုံကိုကြည့်ပြီး လီရန်ကောက တဟားဟားအော်ရယ်တယ်။
YOU ARE READING
Cherry Blossoms(Completed )