part 1

8K 312 4
                                    

Zawgyi

ကျ​နော့်​ရဲ့ ဇာတ်​လမ်း​လေးကို နား​ထောင်​ချင်​လား..?
ကျ​နော်​​ပြောပြမယ်​​လေ​​..

ရှောင်းကျန့်​ အထက်​တန်း​နောက်​ဆုံးနှစ်​ပြီးဆုံးတဲ့ နွေရာသီ အားလပ်​ရက်​..သူငယ်​ချင်း​တွေနဲ့ ခရီးတိုထွက်​ဖို့ ညှိထားတယ်​..။ဒီခရီးက ​ရှောင်းကျန့်​ အထက်​တန်းပြီးတဲ့နှစ်​ထိ သူငယ်​ချင်း​တွေနဲ့ ပထမဆုံးထွက်​တဲ့ ခရီး​လေးဗျ..။အရင်​က​တော့ မိသားစုနဲ့ပဲ ထွက်​​နေကျ..။

- ကျန့်​ ..ပြန်​လာပြီလား
- ဟုတ်​​..​ကော

ရှောင်းကျန့် ​​ရဲ့ တစ်ဦးတည်းေ​​​​သာ​အစ်ကို ချန်​​သော​သော (钱多多 )ကခြံထဲက ပန်းပင်​​တွေမြက်​ရှင်း​နေရင်းလှမ်း​မေးတယ်​..။ ချန်​​သော​သောဆိုတာ တကယ်​​တော့
ရှောင်းကျန့်​​ပေးထားတဲ့နာမည်​..။ပိုက်ဆံအများဆုံးရှာနိုင်တဲ့ အိမ်က​​ဘောစိမို့ မုန့် ဖိုး​​ပေးရင် နဲနဲ​​နှောေ​နှာမှ မဟုတ်တာ..။ယိုချန်​​ကော(有钱哥 )ပိုက်​ဆံရှိတဲ့အစ်​ကိုလို့ ​ခေါ်မယ့်​အစား ချန်​​သော​သောလို့​ခေါ်တာ..။Graphic Designer ​ရှောင်းနိုင့်​ဆိုတာ ​ရှောင်းကျန့် ​အစ်​ကို​ပေါ့..။

- သား ကူမလုပ်​​ပေး​တော့ဘူး​နော်​.. အထုပ်​အပိုးပြင်​အုံးမို့..
- အို​ကေ

ရှောင်းကျန့်​က သူတို့ရပ်​ကွက်​ရဲ့ အချစ်​ခံလူတန်းစား​လေး..။ကူညီတတ်​တယ်​.. မိသားစုအ​ပေါ်လည်းသိတတ်​တယ်​..။ပြီး​တော့ စာ​တော်​တယ်​..။မျက်​နှာမြင်​ ချစ်​ခင်​ပါ​စေဆိုတဲ့ဆုနဲ့
ပြည့်​တဲ့ ဆယ်​​ကျော်​သက်​လူငယ်​​လေးမို့ အ​ပေါင်းအသင်း များတယ်​..။ ပါး​ဖောင်း​လေးနဲ့ တကယ်​ချစ်​ဖို့​ကောင်းတဲ့​ ​ရှောင်းကျန့်​က ချစ်​စရာ​ကောင်းတယ်​လို့​ပြောရင်​​တော့ တကယ်​မကြိုက်​ဘူး..။

ရှောင်းကျန့်​တို့အိမ်​မှာ မိသားစုဝင်​​လေး​ယောက်​ရှိတယ်​..။ပါးနဲ့မား ချန်​​သော​သောနဲ့ ​ရှောင်းကျန့်​​ပေါ့..။ရှောင်းကျန့်​တို့ မိသားစုက ဘိုးဘွားစဉ်​ဆက်​ ချမ်းသာတယ်​..။ရှေ့​နေတစ်​ဦးဖြစ်​တဲ့ ပါး၊ မားက​တော့ လက်​ဝတ်​ရတနာဆိုင်​​လေး ဖွင့်ထားတယ်​..။ ချန်​​သော​သောက ဒီဇိုင်း​တွေကို အိမ်​မှာပဲဆွဲဖြစ်​တယ်​..။ ​တော်​​တော်​များများ​သော လုပ်​ငန်းရှင်​​တွေနဲ့ အဆက်​အသွယ်​ရှိတာမို့ ဝင်​​ငွေ​တော်​​တော်​​လေး​ကောင်းတယ်​..။ချန်​​သော​သော အသက်​၂၇ရှိပြီ..။ရှောင်းကျန့်​ရဲ့ အသက်​ ၁၀ နှစ်​ကွာတဲ့ အစ်​ကို​ပေါ့..။ဒီ​လောက်​ဆို ​ရှောင်းကျန့်​အသက်​ကို ခန့်​မှန်းလို့ရပြီထင်​ပါရဲ့..။

 Cherry Blossoms(Completed )Where stories live. Discover now