part 17

1.8K 142 5
                                    

<Unicode>
ဘဲကြီး​ပြောသလို ​ရှောင်းကျန့်က ကံ​ကောင်းတာထက်ပိုတဲ့လူသား​လေး။ ​ရှောင်းကျန့်ရဲ့ မိသားစု​​တွေပြီးရင် ​ရှောင်း ကျန့်ကို ကမ္ဘာ​ပေါ်မှာအချစ်နိုင်ဆုံးလူသားဖြစ်တဲ့ ဘဲကြီးကို ချစ်သူ​တော်ထားလို့​လေ။ချစ်သူ.. ​ရှောင်းကျန့်ဘဝမှာ ​နောက်ထပ်မရှိနိုင်​တော့တဲ့ အချစ်ဦးနဲ့ အချစ်ဆုံးသူပဲ။

တစ်လ တလ Anni​ရောက်တိုင်း အလုပ်​တွေကြားက​နေ ​ရောက်​လာတတ်တဲ့ ဘဲကြီး။​ရှောင်းကျန့်နဲ့ ပတ်သက်လာရင် ​သေး​သေး​လေးက အစဂရုစိုက်လွန်းတဲ့ဘဲကြီး​ကြောင့် ဟို​ကောင်​တွေက ​ရှောင်းကျန့်ရဲ့ ​ရွေးချယ်မှုက လုံးဝမှန်ကန်တယ်လို့ ​ပြောကြတယ်။

- ​ပေါင်​ပေါင် အပြင်မှာ ​အေး​နေပြီ​လေ..

ဝရံတာမှာထွက်ရပ်​နေတဲ့ ​ရှောင်းကျန့်ကို ဘဲကြီးက အ​ပေါ်ဝတ်အင်္ကျီ​လေးခြုံ​ပေးရင်း ဆိုတယ်။ခု ​ရှောင်းကျန့်တို့​ရောက်​နေတာ ဘဲကြီးနဲ့ စ​တွေ့ခဲ့တဲ့ နယ်မြို့​လေး။ဘဲကြီးက တ​ခေါက်​လောက်​တော့ ​ရှောင်းကျန့်နဲ့အတူလာချင်တယ် ​ပြောလို့။​ရှောင်း​ကျန့်သွား​တော့ ဟို​ကောင်​တွေပါလားလို့ ​မေးစရာ​တောင်မလို​တော့ပါဘူး။

- ဟို​ကောင်​တွေ​ကော ..အိပ်ကြပြီလား..

ဘဲကြီးခြုံ​ပေးတဲ့ အ​ပေါ်ဝတ်အင်္ကျီဖလးကို ​သေချာဆွဲခြုံလိုက်ပြီး ဘဲကြီးနဲ့ မျက်နှာချင်းဆိုင်ကာ ရင်ခွင်ထဲတိုးဝင်ရင်း​မေးလိုက်တယ်။

- ဟင့်အင်း..ဟိုဘက်ခန်းမှာ ဂိမ်း​ဆော့​နေကြ​တာ..
- ခများရဲ့ ရင်ခွင်​က ​နွေးလိုက်တာ..

​ရှောင်းကျန့်က ရင်ခွင်ထဲ တိုး​​ေ​ဝ့ရင်းဆို​တော့ ဘဲကြီးက
​ရှောင်းကျန့်ရဲ့ နဖူး​လေးကို ဖွဖွ​လေးငုံ့ကာ ဖိကပ်နမ်းတယ်။

- ကိုယ် တသက်လုံး​ထွေး​ပွေ့ထား​ပေးမယ်..

​ရှောင်းကျန့်က မျက်လုံး​တွေမှိတ်ကျတဲ့အထိ ပြုံးရင်း ဘဲကြီးရဲ့ ​ပေါင်မုန့်​ခြောက်လုံးကို ခပ်ဖွဖွ​လေး စမ်းကြည့်တယ်။
- ခင်များရဲ့ six pack ​လေး​တွေလည်းကြိုက်တယ်.. Gym ​လည်း​ဆော့တယ်​ပေါ့

 Cherry Blossoms(Completed )Where stories live. Discover now