<Unicode>
- ကျန့်ကျန့်..မင်းသောက်နိုင်လို့လား..ထင်းမီးဖိုရဲ့ တဖက်ခြမ်းမှာ ထိုင်နေတဲ့ Kက ကင်မရာထဲကပုံတွေပြန်ကြည့်နေတဲ့ ရှောင်းကျန့်ကို လှမ်းမေးတယ်..။
ရှောင်းကျန့်က ကင်မရာထဲ အကြည့်မလွဲဘဲ ပြန်ဖြေတယ်။- အများကြီးတော့မရဘူး..သောက်တတ်အောင်သင်ထားတယ်..
- အမယ်..ဘယ်တုန်းကလဲ ယောက်ဖDayက ရှောင်းကျန့်ပခုံးကို လှမ်းဖက်ရင်းဆိုတယ်..။မတရားတွေ ယောက်ဖတော်ချင်နေတာ..။
- ချီးပဲ Day.. အဲ့ယောက်ဖဆိုတာကြီးမခေါ်စမ်းနဲ့ ကြက်သီးထစရာကောင်းအောင်..
ရှောင်းကျန့်က ကြက်သီးထသလို လက်မောင်းပွတ်ရင်းဆိုပြီး လက်ထဲက ကင်မရာကိုချလိုက်တယ်..။
- တချိန်ကျရင်..ငါချစ်တဲ့သူနဲ့ ကမ္ဘာပတ်ဖို့က ငါ့ရဲ့အိပ်မက်ကွ..
အသက်ရှင်နေတဲ့အခိုက်အတန့်လေး ကိုယ်ချစ်တဲ့သူနဲ့ ပျော်စရာအမှတ်တရကောင်းတွေပဲ ဖန်တီးသင့်တယ်လို့လည်း ရှောင်းကျန့်ခံယူထားတယ်..။
- ငါတို့ ကျန့်ကျန့်က လူချမ်းသာလေးပဲ..စိတ်ကြိုက်ပတ်ပေါ့..
Jade က ဝင်ပြောတော့ ရှောင်းကျန့်မျက်လုံးလှန်ကြည့်တယ်..။ဒီကောင်တွေ တခုခုဆို အဲဒါနဲ့ပဲ ကိုင်ပေါက်နေတာ..။
- ငါ့အိမ်က မချမ်းသာပါဘူး..ပိုက်ဆံအများကြီးရှိတာ..ဘိုးဘွားအမွေတွေလေ..
အဲဒါ..ရှောင်းကျန့်ပြောနေကျစကားပဲ..။ချမ်းသာတယ် သူဌေးလေးဆိုတိုင်း အဲလိုပဲပြန်ပြောဖြစ်တယ်..။အိမ်ကပိုက်ဆံတွေ ရှောင်းကျန့်အပိုင်မဟုတ်လို့ သူဌေးလို့ခေါ်တာ ရှောင်းကျန့်
လက်မခံချင်ဘူး..။ညဉ့်နက်တော့ ရှောင်းကျန့်တို့ Camp-siteမှာ ထိုးထားတဲ့ တဲကြီးမှာပဲ တန်းစီအိပ်လိုက်ကြတယ်..။၃နာရီလောက် တက်ခဲ့တဲ့ခရီးမို့ အကုန်လုံးက ပင်ပန်းနေရောပေါ့..။
--------------------- ဟိတ်ကောင် Day ထတော့မြန်မြန်..
အစောကြီးနိုးတဲ့ ရှောင်းကျန့်ကပဲ ကျန်တဲ့ကောင်တွေကို နှိုးရတယ်..။တောင်တက်တာပင်ပန်းလို့ထင်ပါရဲ့ ..။အိပ်နေကြတာမှ သိုးလို့..။Jade ဆိုရင် ဟောက်သံပါထွက်နေတယ်..။ရှောင်းကျန့်နိုးတာအဲ့အသံကြောင့်လည်းပါတာပေါ့။ရှောင်းကျန့်က အအိပ်နဲနဲဆတ်တဲ့ အထဲပါတယ်..။
![](https://img.wattpad.com/cover/253328105-288-k147439.jpg)
YOU ARE READING
Cherry Blossoms(Completed )