part 16

1.8K 137 2
                                    

<Unicode>
​ကျောင်းဝန်းထဲ ဝင်လာတဲ့ Lamborghini ကားအနီ​ရောင်​လေးက လူတိုင်းရဲ့ အာရုံကိုဖမ်းစားထားတယ်။
ချမ်းသာတဲ့အသိုင်းအဝိုင်းထဲက လူ​တွေ Lamborghini စီးကြ​ပေမယ့် ​ lastet modelကို​တော့ စီးတဲ့သူမရှိ​သေးပါဘူး။

- Wow.. ​နောက်ဆုံး​တော့ မင်းဥထားတဲ့ ကားအသစ်ကြီးကို ထုတ်စီးလာပြီ​ပေါ့..

​​ေရှာင်းကျန့်ထွက်လာ​​တော့ ကားပါကင်​ဘေးက ​စောင့်​နေကျ ​နေရာ​လေးမှာ​စောင့်​နေကြတဲ့ ဟို​ကောင်​တွေထဲက Chenက
​ပြောတယ်။တခါ​လောက်စီးခဲ့ကြည့်ဖို့ ​ပြောတာလည်း ​သူတို့ပါပဲ။

- ​နားငြီးလွန်းလို့​လေ..ငါ စီး​တောင်မစီးရက်တာ

Chenက ရယ်ရင်း ​ရှောင်းကျန့်ကို လည်ပင်းကို ​​လှမ်းဖက်တယ်။မမှီ မကမ်းနဲ့ သူ့အရပ်ကြီးကိုမှ အားမနာ။

- မင်းမစီးဘူးဆိုတာ ရိ​ပေါ်ကောသိရင် စိတ်မ​ကောင်းဖြစ်မှာစိုးလို့ ပါကွာ..မင်းဘာလုပ်လုပ် ရိ​ပေါ်ကောသိတယ်ဆိုတာ မင်းလည်းသိသားပဲ..

ဒါ​တော့ ​ရှောင်းကျန့်လည်း မငြင်းပါဘူး။ ​Anni တုန်းက လုပ်ထားတဲ့ ပုံ​ကိစ္စက ဘဲကြီးကို ​မ​မေးရင်​တောင် ​​တွေးကြည့်ရုံနဲ့ သိ​နေတယ်။

- ဒါနဲ့ ဟို​ကောင် Luke ​ကော..
- ​​သူ့စီနီယာကျဲကျဲဆီ သွားတာ​နေမှာ​ပေါ့..

​Luke ​ပျောက်​ပျောက်​နေတာ မထူးဆန်း​တော့ဘူး။​ကျောင်း စတက်ကတည်းက အဖွဲ့ထဲမှာ Luke ​ပျောက်​နေချိန်များတယ်။ တတ်ိယနှစ်က စီနီယာကျဲကျဲ​နောက်ပဲ လိုက်​နေတာ။ကျန့်တဲ့​ကောင်​တွေက ​စော်ငမ်းတယ်ဆို​ပေမယ့် Luke လိုမျိုး အ​ခြေ​နေမဆိုးကြဘူး။

ဖုန်းနိုတီသံ​ကြောင့်ကြည့်လိုက်​တော့ ဘဲကြီးဆီက..။
( ​ကျောင်းသွား​နေပြီလား ​ပေါင်​ပေါင်..ကိုယ်လည်း company သွား​နေပြီ..​ရာသီဥတု​အေးတယ် ​နွေး​နွေး​ထွေး​ထွေးဝတ်​နော်)

မက်​ဆေ့ခ်ျ​ကို ဖတ်ပြီး​တော့​ ​ရှောင်းကျန့်ကပြုံးတယ်။

- တ​ယောက်ထဲပြုံးဖြီးပြီးရပ်မ​နေနဲ့..ဟို​ကောင်​တွေ​တောင်သွားကြပြီ..အ​အေးပတ်ပြီး​သေ​နေအုံးမယ်..

 Cherry Blossoms(Completed )Where stories live. Discover now