Part - 4

351 37 2
                                    

"  လာ လာ အိမ်ထဲဝင်ကြ ... သမက် Kim ရော လာ "

ငယ့်က အိမ်ပြန်မယ်ပြောတာကြောင့် အလုပ်တွေကို Suho hyung နဲ့ ပစ်ထားခဲ့ပြီး လာရသည်။ လက်ဗလာ နဲ့ လာရင် မကောင်းတာမို့ Omma တို့ကလည်း ပစ္စည်း များစွာ ထည့်ပေးလိုက်သေးသည်။

ငယ်ကတော့သူ့အဒေါ်နဲ့ မီးဖိုချောင်မှာ စကားပြောနေလေသည်။ ကိုယ်ကတော့ရှေ့မှာ ငယ့်အမေနဲ့ စကားလက်ဆုံကြနေသည်။

"  ကိုကို ငယ် ဒေါ်လေးနဲ့ ဆိုင်လိုက်သွားမလို့ ... "

" နားပါဦးလား ငယ်ရယ် အကြာကြီးနေမှာဘဲကို မနက်ဖြန်မှသွား ... "

Omma ရော ကိုကိုကပါ မလွှတ်တာမို့ မလိုက် လိုက်ရ။ ဒေါ်လေးကတော့ Yumi ကိုခေါ်ကာ သွားလေသည်။ သူလည်း ကိုကို ကိုခေါ်ကာ အပေါ်ထပ်က သူ့အခန်းလေးထဲ ခေါ်လာလိုက်သည်။

Omma က အခန်းကို ပြင်ထားပေးထားသည်။ သူတို့လာရင် တည်းလို့ရအောင်ဆိုကာ အရင်က တစ်ယောက်အိပ်ကုတင်လေးကို ဖယ်ကာ နှစ်ယောက်အိပ်ကုတင် လေးထားပေး ထားသည်။

အခန်းက သိပ်မကျယ်တာမို့ ကုတင်ကလည်းကြီးသွားတာကြောင့် နည်းနည်းတော့ ကျပ်နေသည်။ အဝတ်အစားတွေကို ကိုကိုက ဗီရိုမှာ ထည့်နေပြှီး သူလည်း ပေါ့ပေါ့ပါးပါး ချည်သားလေးသာ လဲ ဝတ်လိုက်သည်။

နေ့ခင်းဘက်ရောက်လာတာမို့  နေပူတာကြောင့် သွားစရာမရှိ ။ ကုတင်ပေါ်မှာသာ ထိုင်နေလိုက်သည်။

" ငယ် အိပ်ဦးမှာလား ? "

" အင်း အိပ်ဦးမယ် ... ကိုကို လည်း လာအိပ် ... "

" လာပါပြီဗျာ ... "

Jong in လည်း ကုတင်ပေါ်တက်ကာ Sehun ကိုရင်ခွင်ထဲထည့်  စောင်လေးကြိုံခုံပေးပြီး လက်လေးနဲ့ သိပ်လိုက်သည်။

ခဏအကြာတော့ ငယ်က အိပ်ပျော်သွားပြီဖြစ်သည်။

" အာ ...  Hun ငယ်က အိပ်နေတာလား ? "

ငယ့် အမေက လာတာမို့ ငယ့်ကို ရင်ခွင်ထဲက ခွာကာ စကားလှမ်းပြောရသည်။

" ဟုတ် ... အိပ်သွားပြီ ခင်ဗျ ... "

" ဒါဖြင့် သမက်Kim လည်း အိပ်တော့လေ ပင်ပန်းနေမှာပေါ့ ... "

𝙿𝙷𝙸𝙻𝙴 ( 𝚂 - 𝟸 ) CompletedWhere stories live. Discover now