Final

487 28 3
                                    

ဒီနေ့တစ်နေ့လုံး နေသာသလို တိမ်များကင်းစင်နေလေသည်။ Jong in မှာလည်း 1နှစ်ခွဲကျော် သားလေးကို ချီကာ ကားနောက်ခန်းက ကလေးထိုင်ခုံမှာထိုင်စေကာ ခါးပတ် ပတ်ပေးလိုက်သည်။ ငယ့်ကိုလည်း ကားတံခါးဖွင့်ပေးကာ ထိုင်စေသည်။

သူကတော့ အထုတ်တွေကို ကားနောက်ခန်းမှာတင်ကာ ရှေ့ခန်းကိုလာကာ ကားမောင်းထွက်ရသည်။မိသားစု သုံးယောက်တည်း ပျော်ပွဲစားထွက်တာမို့ စိတ်လှုပ်ရှားကာ ပျော်စရာကောင်းလှသည်။

သားကတော့ စထွက်တည်းကပျော်နေသလို ကားပေါ်မှာလည်း ငယ်နဲ့အတူတောက်လျှောက်စကားများနေသည်။ ပျော်ပွဲစား ထွက်မယ့်နေရာကိုမရောက်သေးဘူး သားကတော့ စားလိုက် စကားများလိုက်ပေ။ အခုတော့ အိပ်ပျော်သွားပြန်ပြီ။

"  သားက အိပ်သွားပြီ ကိုကို .... "

" သူဘဲတနေကုန်ပြောနေရတော့ မောပြီးအိပ်ပြီပေါ့ .... "

ငယ်ကတော့ ဟုတ်တယ်နော်ဆိုကာ ပြောပြီးရယ်နေလေရဲ့။ ငယ့်လက်လေးကိုဆုပ်ကိုင်ရင်း ကားမောင်းတော့

" ကိုယ့်ဘာသာအေးဆေးမောင်းလေ ကိုကိုရယ် ... "

" အေးဆေး မောင်းနေတာဘဲလေကွာ ... ပြွတ်စ် ! "

" ဟာ ! ကိုကို ... "

မီးပွိုင့်မိတုန်းလေးပါးတစ်ဖက်ကို နမ်းလိုက်တော့ ကိုကိုဆိုကာ နှုတ်ခမ်းထော်ပြီး ကားပြတင်းဘက်လှည့်သွားလေသည်။လက်ကတော့ သူလည်းမလွှတ်သလို ငယ်လည်းမလွှတ်ပါ။

ပျော်ပွဲစားထွက်တဲ့ နေရာလည်းရောက်တော့ တစ်ခြားလူများလည်းရောက်နေကြသည်။အရမ်းများများစားစား ရယ်လို့တော့ မရှိကြပါ။ ကိုကိုက ပစ္စည်းတွေယူလာကာ နေရာချနေသည်။

သူကတော့ သားလေးကိုချီကာ နေရာလေးကို ငေးကောင်းတုန်းပင်။သားကိုယ်တိုင်ကလည်း စူးစမ်းတတ်တဲ့အရွယ်မို့ မျက်လုံးလေးပြူးကာ ကြည့်လိုက် မသိရင် သူ့ကိုလှမ်းမေးလိုက်သူလည်းဖြေလိုက်နဲ့ပင်။

" ငယ်ရေ လာတော့ ထိုင်လို့ရပြီ .... "

ကိုကိုက ခေါ်တော့ သားက လက်မှာမနေတော့ဘဲ အောက်ချခိုင်းသည်။အောက်ချပေးလိုက်တော့ သားက

𝙿𝙷𝙸𝙻𝙴 ( 𝚂 - 𝟸 ) CompletedWhere stories live. Discover now