Part - 8

378 36 7
                                    

ငယ့်အမေက အိမ်မှာနေကာ ငယ့်အကြိုက်များချက်ကျွေးလေသည်။ ငယ်ကတော့ အကုန်စားတော့တာပင်။
ကိုယ်ဝန်က ၅လကျော်ပြီမို့ ဗိုက်လုံးလုံးလေးက ထွက်နေပြီဖြစ်သည်။
ခုလည်းကြည့်လေ ကုတင်ခြေရင်းမှာထိုင်ကာ အာလူးကြော်စားရင်း လူကို မျက်စောင်းတွေထိုးနေလေရဲ့ ။

" ငယ်လည်း လိုက်ချင်ပါတယ်ဆို ကိုကိုကလည်း "

Company မှာအရေးတကြီး အစည်းအဝေးပေါ်လာသည်မို့ ခုချက်ချင်း ပြင်ကာသွားရမည်ဖြစ်သည်။ ဒါကို သိပြီးတည်းကငယ်က Company လိုက်မယ်ဆိုကာ တတွတ်တွတ်ပြောနေလေသည်။

" မလိုက်ပါနဲု့ ငယ်ရယ် ပင်ပန်းမှာပေါ့ အိမ်မှာဘဲ နားနားနေနေ နေပါ။ "

အခန်းကထွက်ကာ အောက်ထပ်ကို ဆင်းတော့လည်း နောက်ကနေ ကပ်ပါလာသည်။ လက်မောင်းလေးကို ကိုင်ကာ တွဲပေးတော့ လက်ကိုရိုက်ခံထိလေသည်။

" Omma ! ကိုကိုက သားကို Company မလိုက်ခိုင်းဘူး "

ဆိုဖာမှာထိုင်ကာ သိုးမွှေးထိုးနေတဲ့ အမေ့နားကို ကပ်ကာချွဲလေသည်။ငယ့်အမေက အိမ်ရောက်တည်းက အားရင်အားသလို သူ့မြေးလေးအတွက်ဆိုကာ သိုးမွှေးလေးတွေ တစ်ထည်ပြီးတစ်ထည်ထိုးလေသည်။

" ခေါ်သွားလိုက်ပါ သမက် Kim ရယ် သားလေးလည်း အပြင်မထွက်ရတော့ ပျင်းနေမှာပေါ့် ... "

နောက်ဆုံးတော့လည်း သူလည်းမနိုင်ပါ။ လိုက်ခွင့်ပေးလိုက်ရသည်။ အပြင်မှာ မိုးလေအေးနေတာမို့ အပေါ်ထပ်ပြန်တက် ငယ့်အတွက်အနွေးထည်ယူကာ ဝတ်ပေးပြီး ကားပေါ်တက်ခိုင်းရသည်။

" ကိုကို နောက်ကျနေလို့ မြန်မြန်မောင်းမယ်နော် ငယ် အရမ်းမြန်သွားရင်ပြောဦး ... "

" အင်းပါ ကိုကိုရဲ့ အဆင်ပြေသလိုသာမောင်း ... "

Company ကိုရောက်တော့ ငယ်ကို တော်တော်များများက ခိုးကြည့်တစ်လှည့် လှမ်းကြည့်တစ်လှည့်ဖြင့် ငယ့်ဗိုက်ကို စူးစမ်းနေကြသည်။ ဘေးက ငယ်ကတော့ ဒါကိုမသိ ကိုကို Company က ပြောင်းလဲသွားသလိုဘဲနော် ၊ မရောက်တာကြာတော့ တစ်မျိုးကြီးဘဲဆိုကာ ပြောနေလေသည်။

ငယ့်ကိုအခန်းထဲမှာ သက်တောင့်သက်ကာ ထိုင်ခိုင်းထားပြီး မုန့်တွေမှာပေးထားကာ အစည်းအဝေးခန်းထဲ ပြေးရသည်။ တော်သေးသည်က လူသိပ်မစုံသေးပါ။Appa ဘေးနားထိုင်လိုက်တော့

𝙿𝙷𝙸𝙻𝙴 ( 𝚂 - 𝟸 ) CompletedWhere stories live. Discover now