Part - 1

1.1K 45 6
                                    

ဒေါက် ဒေါက်

"  ကိုကိုရေ ထတော့နော် ငယ် မနက်စာပြင်ထားတယ် "

အခုဆို ကိုကိုနဲ့သူလက်ထပ်ထားတာ 4 နှစ်ပြည့်တော့မယ်။ သူလည်းအတိတ်ကို မဖက်တွယ်ထားတော့သလို အကုန်လုံးလည်းအဆင်ပြေနေပြီ။ ကိုကိုကလည်း  Company ကို အပြည့်အဝဆက်ခံလိုက်ပြီ ။ သူကတော့ ကိုကို့အတွင်းရေးမှူးမလုပ်ရတော့ပါ ။သူက ဆက်လုပ်ချင်ပေမယ့်လည်း ကိုကိုက "  ငယ် က အခု ကိုကို့ယောက်ျားလေ အလုပ်မလုပ်နဲ့တော့ ထိုင်ဘဲစားတော့ " ဆိုတာကြောင့် အလုပ်မလုပ်ရ။

ကော်ဖီဆိုင်လေးဖြစ်ဖြစ် တစ်ခြားဆိုင်လေးဖြစ်ဖြစ်ဖွင့်ပြီးဆိုင်ထိုင်ချင်ပေမယ့် ကိုကိုက လက်မခံပါ။ အရင်ကွန်ဒိုလေးမှာဘဲနေဖြစ်ကြသလို ဝယ်ထားတဲ့ အိမ်လေးကိုလည်း သော့ပိတ်ကာ ထားလိုက်သည်။

အဲ့တော့အခုသူက မနက်ဆိုရင်စောစောထ မနက်စာပြင် ကိုကို့အတွက် အင်္ကျီထုတ်ပေး ။ တစ်ခါတစ်လေဆိုရင် ထမင်းဘူးလေးCompany ကိုယူသွားပြီး ကိုကိုနဲ့တူတူစား ပြီးရင် တူတူပြန်လာကြ။ ဒါကြောင့်လူတွေက လက်ထပ်ကြတာကို ။ကိုယ်ချစ်ရတဲ့သူနဲ့ မနက်ခင်းကိုအတူနိုးထ ကိစ္စဒူဝကိုလည်းသေချာလုပ်ပေးရနဲ့ အိမ်ထောင်သည်ဘဝက ပျော်ဖို့ကောင်းလှသည်။

" ငယ် !! ဘာတွေစဉ်းစားနေတာလဲ "

ပြောလည်းပြော ခါးကိုလာဖက်ရင်း လည်ပင်းကို နမ်းပြီးအသားယူသွားပြန်ပြီ။

"  ဘာမှမစဉ်းစားပါဘူး ... လာ ကိုကို မနက်စာစားမယ် "

" မနက်စာကိုအများကြီး ပြင်စရာမလိုပါဘူးငယ်ရယ် ငယ်ပင်ပန်းတာပေါ့ "

" မပင်ပန်းပါဘူး ... မနက်စာကို ဗိုက်ဝအောင်စားမှ အလုပ်ကိုအားအပြည့်နဲ့ လုပ်နိုင်မှာပေါ့ ... ဒါနဲ့ Yumi ရော အလုပ်လုပ်တာ အဆင်ပြေရဲ့လား ? "

မမေးလို့မရဘူးလေ။ ကိုယ့်ညီမက ရှပ်ပြာမ ကျောင်းပြီးတော့ ဒေါ်လေးကလည်း မြို့ကိုပြန်ခေါ်နေပေမယ့် မသွားဘူး Seoul မှာဘဲ နေမယ်ဆိုတာကြောင့် ကိုကိုကလည်း လပ်နေတဲ့အတွင်းရေးမှူးနေရာကိုခန့်လိုက်လေသည်။

" အဆင်ပြေပါတယ် ငယ်ရဲ့ Yumi ကတော်ရှာပါတယ် "

"  ကိုကိုစားနှင့်နော် ငယ်အင်္ကျီသွားလဲလိုက်ဦးမယ် ငယ့်ကို  Baek hyung ဆီလိုက်ပို့ပေး "

𝙿𝙷𝙸𝙻𝙴 ( 𝚂 - 𝟸 ) CompletedWhere stories live. Discover now