Part - 3

335 39 1
                                    

မနေ့က ညနေစာတောင်မစားလိုက်ရဘဲ အိပ်ပျော်သွားတာမို့ မနက်စောစောနိုးလာခဲ့သည်။ ဘေးက ကိုကိုကတော့ အိပ်တုန်း သူ့ကိုဖက်ထားတဲ့ လက်လေးကိုအသာခွာပြီး အောက်မှာကျနေတဲ့ အဝတ်အစားတွေကို ကောက်ပြီးရေချိုးခန်းထဲသာ ဝင်လိုက်သည်။

ရေနွေးနွေးလေးနဲ့ နာရီဝက်လောက် စိမ်ချိုးလိုက်ပြီး ချည်သားဝမ်းဆက်လေး ဝတ်ကာ မနက်စာပြင်ဖို့ ထွက်လာလိုက်သည်။ မီးဖိုချောင်ထဲ ကြည့်လိုက်တော့မှ မနေ့က လုပ်လက်စက မရှင်းရသေး။ အကုန်လုံးကိုရှင်းလိုက်ပြီး မနေ့ကဝယ်လာတဲ့ အထဲက တစ်ချို့ကိုထုတ်ပြီး မနက်စာ ပြင်လိုက်သည်။

မနက်စာပြင်ပြီး နာရီကိုကြည့်လိုက်တော့  7 နာရီကျော်နေပြီ ။ အခန်းထဲက ကိုကို့ကို နိုးဖို့ဝင်လာတော့ အိပ်ယာပေါ်မှာမရှိ ၊ ထသွားပြီထင်တယ် သူလည်း အိပ်ယာကိုသိမ်းပြီး အဝတ်အစားသော ထုတ်ပြီး ခုတင်ပေါ်ထားခဲ့လိုက်သည်။

" ငယ် !"

" ကိုကိုဒီမှာ အင်္ကျင်္ီထုတ်ပေးထားတယ် "

" အင်း... ငယ် ဒီနေ့ Company လိုက်ခဲ့မလား ? "

" လိုက်လို့ရလို့လား ? "

" ရတာပေါ့ ..သွား အင်္ကျီသွားလဲ ကိုကိုရှေ့မှာစောင့်နေမယ် "

Sehun လည်း အိမ်မှာနေရင် ပျင်းတာမို့ Company ကိုသာလိုက် လိုက်တော့သည်။ အခန်းထဲ ဝင်ပြီး အဝတ်အစား လဲဖို့ မှန်ကို ကြည့်မိတော့ လည်ပင်းနားမှာ ကိုက်ရာတွေက နီရဲကာ နေလေသည်။ လည်ပိတ်လေးဝတ်ပြီးသာ သွားရတော့မည်။

လည်ပိတ်အင်္ကျီလေးတွေရှာပေမယ့်မတွေ့ ။ ကြည့်ရတာ ကိုကိုက ဖွက်ထားပြန်ပြီထင်တယ်။ မတွေ့လည်းမတတ်နိုင်တော့ ပုဝါ လေးသာ လည်ပင်းပတ်ပြီးလိုက်ရတော့မည်။

မနက်စာ စားပြီး ကားပေါ်တက်တော့မှ

" ဘာလို့ ပုဝါ ပတ်လာတာလဲ ငယ်ရဲ့ "

ကြည့်. ရုပ်ကိုက ပြီတီတီ နဲ့

" မပတ်လို့ ရမလား ... ဘယ်က လူကြီးမှန်းမသိဘူး ကိုက်သွားတဲ့ ကိုက်ရာတွေနဲ့လေ "

" ဖယ်ထားလိုက်ပါ ငယ်ရယ် ... ငယ်က အဲ့ကိုက်ရာ လေးတွေနဲ့မှ လှတာ "

𝙿𝙷𝙸𝙻𝙴 ( 𝚂 - 𝟸 ) CompletedWhere stories live. Discover now