Ep (3)

336 26 0
                                    

Unicode

🌟ကြယ်ပွင့်လေးဆီ 🌟(3)

(သခင်ကကြယ်စင်....မြေပြင်ကကိုယ်ဆိုပါတော့ မြေကမ္ဘာပတ်ချာဝိုက်လို့ လိုက်ပါ့မယ်နော့..)

Ep_3

"_ချာတိတ်မ....

သူမကိုချောင်ကျကျ လူရှင်းသည့်
တနေရာသို့ခေါ်လာပြီးနောက် စေ့စေ့စပ်စပ်ကြည့်ကာ ဤနှယ်ခေါ်လိုက်တဲ့ ကျဲကျယ်ကြောင့်လန့်သွားမိသည်။

" ဗျာ..အဲ..ရှင် "

" ခခ်...မလန့်ပါနဲ့ကွယ်
ကျဲက..ကိုက်မစားပါဘူး
ခုလိုခေါ်လာရတာလည်း တခြားသူတွေကြားမှာစိုးလို့ "

" ဟုတ်.. ပြောပါကျဲ "

"_မင်းက ''ရန်ကွမ်း ''ဖန်လား..?
_ဟုတ်... ကျဲ ဘယ်လိုလုပ်သိတာလဲ "

" ခခ်.. သိတာပေါ့
ထားပါ... ကျဲပြောချင်တာက
ကျဲမောင်လေးကိုဂရုစိုက်ပေးပါလို့
သူ့ကြည့်ရတာအတော်အခြေအနေကောင်းလာတယ်
ဟို..စူးယင်'နဲ့တုန်းကတောင်မရှိဖူးတဲ့ အပြုံးတွေကို မင်းနဲ့မှမြင်လာရလို့...
သူ့မျက်လုံးတွေပြန်မြင်ရတဲ့အထိအတူရှိပေးနိုင်မလား.."

" ဟုတ်..ကျဲမပြောတောင်
အဲ့ဒီအတွက်ပဲသူ့ဆီလာခဲ့တာပါ..."

" ကျေးဇူးပါကွာ "
သူမကိုပြောရင်းခေါင်ကိုခပ်ဖွဖွပုတ်လာတဲ့ ကျဲကျယ်

" ဒါနဲ့..မင်းကိုတစ်နေရာရာမှာ ခဏခဏတွေ့ဖူးနေတယ်
ဘာ..အလုပ်လုပ်လဲ..
စပ်စုတာမဟုတ်ဘူးနော် "

" အာ..ရပါတယ် ကျဲ
Online shopping လေးလုပ်ပါတယ်
Sunshine ဆိုတဲ့ နာမည်လေးပါ "

"ဪ...လတ်သတ်တော့ဒါကြောင့်ကိုး မြင်ဖူးနေတယ်မှတ်တာ
မင်းရဲ့ model ပုံကိုမြင်ဖူးတယ်လေ
အဲ့ဒီတုန်းက ကုတ်ထောက်ကေနဲ့လားထင်တယ် "

" ဟင်...တကယ်
ကျဲက ကျွန်မကိုသိတယ်ပေါ့ "

"ရှထျန်း..
ကျဲ...နင်တို့ဘယ်မှာလဲ? "

" အမလေး.. ခေါ်နေပြီ
နောက်မှသေချာတခါလောက်တွေ့ပြီးပြောကြရအောင်
ခုတော့.. မောင်တော့်ဆီသွားလိုက်ပါဦး "

ကြယ်ပွင့်လေးဆီ(Completed )Où les histoires vivent. Découvrez maintenant