Extra

267 9 0
                                    

Unicode

🌟ကြယ်ပွင့်လေးဆီ 🌟(Extra)

(ကောင်မလေး...ရောင်စုံပန်းခင်းထဲက နှင်းပန်းလေး
သမုဒယဆိုတာကို ကိုယ်နားမလည်ဘူး
အချစ်ဆိုတာကိုလည်း မခံစားတတ်ဘူး..
ဒါပေမယ့် ချစ်တယ်ဆိုတဲ့စကားထက် ပိုမိုလေးနက်တဲ့စကားရှိရင် မင်းကို..ကိုယ်ပြောချင်တယ်..)

Extra_အပိုင်းပို

< ညရောက်သောအခါ >

" Idol...
ကျ..ကျွန်မလေ..ခုထိ တကယ်မယုံနိုင်သေးဘူးဖြစ်နေတယ် "

အပန်းဖြေစံအိမ်ထဲရှိ...
အပေါ်ထပ်ကဝရန်တာမှာသူတို့တွေထိုင်နေကြတုန်း ရှထျန်း က..စကားစလာပြန်သည်။
ဒါပါနှင့်ဆို အကြိမ်တစ်ရာလောက်ရှိနေပြီ
ခမျာ တော်တော်ဝမ်းသာအံ့သြနေရှာတာ
ထို့ကြောင့် စနောက်ချင်လာမိသည်။

" ဘာလဲ?
အိမ်မက်မက်နေတာလား မေးအုံးမလို့လား
မင်း..တကယ်မထင်ရဘူး
ဒီလိုမေးတိူင်း ကိုယ့်ဆီကအကြင်နာရလို့
ညဏ်ဆင်နေတာလား..?"

"ဘာ...ဘာဗျ လူကို...ဘာထင်..
အွန့်...! "

" ကဲ...ကျေနပ်ပြီလား
အိမ်မက်မဟုတ်ဘူးနော်.."

" တကယ်ပါပဲ
အိမ်မက်လား တကယ်လား
သိရအောင်က အသားကိုဆိတ်ဆွဲတာတို့
လူကိုရိုက်တာတို့်ဘာတို့လုပ်ပြီးသတိဝင်အောင်လုပ်ရတာလေဗျ
Idol ကျမှ...ဘာလို့ လိုက်နမ်းနေရတာလဲ "

" ဆိတ်ဆွဲရင် မင်းနာသွားမှာပေါ့ကွ
ကိုယ်က..မင်းကိုညင်ညင်သာသာပဲသိစေချင်လို့လေ "

ပြောနေရင်းတောင်ရုပ်ကစပ်ဖြဲဖြဲလုပ်ကာသူမကိုထပ်နမ်းရန်ကြံနေသေးတယ်

" ဟာ...ခင်ဗျားကြီးနော်
ကျွန်မဆီကခွင့်ပြုချက်မရပဲ နမ်းတာသုံးခါတောင်ရှိနေပြီ
ဘာဖြစ်ဖြစ်...ခွင့်တောင်းသင့်တယ်မထင်ဖူးလား "

" ဟင်..အဲ့လို့လား
မလုပ်နိုင်ဘူးကွာ.. မင်းကရော
ကိုယ့်နှလုံးသာကိုခိုးသွားတုန်းက ကိုယ့်ဆီခွင့်ပြုချက်တောင်းလို့လား.."

" ခွီ...
ကလေးကလားစကားတွေ ခဏခဏမပြောစမ်းပါနဲ့
တကယ်..အူယားပြီးကြက်သီးထလို့ပါ..ကြည့်..ကြည့်."

ကြယ်ပွင့်လေးဆီ(Completed )Where stories live. Discover now