Ep (4 )

416 20 0
                                    

Unicode

🌟ကြယ်ပွင့်လေးဆီ 🌟(4)

(လင်းလက်ခွင့်မရှိတဲ့ဘဝမှာ ကြယ်တစ်ပွင့်လည်းမဖြစ်ချင်ဘူး
ဒါပေမယ့်.. မင်းအတွက်
နေတစ်စင်းလိုတောက်ပချင်ခဲ့မိတယ်....)

Ep_4

ရှထျန်း..သူမအိပ်မပျော်ပါချေ
အဘယ့်ကြောင့်ဆိုသော် ညနေကပြာတဲ့ 'ရန်ကွမ်း 'စကားကြောင့်ပင်။
မင်းဖြေဖို့အဆင်မပြေသေးရင်သေချာစဉ်းစားပြီးမှဖြေပါတဲ့
ငါကတော့ မင်းကိုငါရဲ့လူတစ်ယောက်အဖြစ်အနားမှာထားချင်တယ်တဲ့
သူ့ရဲ့လူတစ်ယောက်အဖြစ်ဆိုတာက ဘာအဓိပ္ပါယ်လဲ
ခိုင်းဖတ်လား၊လူယုံလား၊သူနာပြုအဖြစ်လား..?
အာ...ဦးဏှောက်ခြောက်လိုက်တာကွာ
'ဟိုင်ထန်း ' ကိုတိုင်ပင်ရမယ်။
ဤနှယ်တွေးကာ Ph contacts ထဲမှ No.2 ကိုနှိပ်လိုက်သည်နှင့် တအောင့်အကြာ
"ဟိုင်ထန်း ''၏ အိပ်ချင်မူးတူးအသံကိုစတင်ကြားလိုက်ရလေသည်။

" ဟဲ့...ဘာလဲ
ညကြီးအချိန်မတော်ဘာဖြစ်တာလဲ?"

" တိုးတိုး.... ဦးလေးတို့နိုးသွားအုံးမယ်
အရေးတကြီးကိစ္စတော့မဟုတ်ဘူး
နင့်ကိုမေးစရာလေးရှိလို့ "

" ဟယ်..အယ်မတော်ရယ်
အရေးမကြီးရင် မနက်မှမေးရောပေါ့
ခု..ဘယ်အချိန်ရှိနေပြီလဲဟင်
အချိန်လေးဘာလေးကြည့်ခေါ်ပါဟ
တကယ်တည်း သူမရှိလို့ ငါတစ်ယောက်ထဲအလုပ်လုပ်နေရတာ ပင်ပန်းရတဲ့ကြားထဲ "

" အာ...တောင်းပန်ပါတယ်
ဒါဆိုလဲအိပ်..အိပ်တော့
မနက်မှပြောတော့မယ်...ဟီး..
ငါတောင်းပန်ပါတယ် "

" အယ်...နှိုးပြီးမှတော့ပြော...လေ
ဘာလဲ "

"ရန်ကွမ်း '' ပြောလာသည့်စကားများအား
ဟိုင်ထန်းဆီ ပြောပြလိုက်ရာ

" ဟုတ်ပြီ...သေချာပြီကွ ဟားဟား...
တို့အစ်မကအရည်အချင်းရှိသားပဲ "

" ဟဲ့..နင်ကလည်း အရင်းမရှိအဖျားမရှိ
ငါ..နားလည်အောင်ပြောပါဟ "

" နင်ကလည်း တုံးအတတ်ရန်ကော
သူပြောတဲ...သူ့လူအဖြစ်ဆိုတာ
သူက..နင့်ကိုလိုအပ်တယ် သူ့ဘေးမှာထာဝရနေပေးမလားမေးတာပေါ့ဟဲ့
အဲ့အဓိပ္ပါယ်မဟုတ်ဘူးလား "

" ခွီ...နင့်ဟာက ထာဝရတဲ့လား..
အရမ်းတင်စားလွန်းသွားပြီ
ကိုယ့်ဘက်ကိုယက်ပြီးထင်ရာမြင်ရာတွေစွတ်ပြောမနေနဲ့
တော်ပြီ..တော်ပြီ မေးမိတဲ့ငါ့အမှားပါ
ပြန်အိပ်ပါတော့...အမိရယ် "

ကြယ်ပွင့်လေးဆီ(Completed )Where stories live. Discover now