Ep(2)

348 24 0
                                    

Unicode

🌟ကြယ်ပွင့်လေးဆီ🌟 (2)

(လူတိုင်းမှာ ကိုယ်နဲ့သက်ဆိုင်တဲ့ကြယ်လေးတစ်ပွင့်ရှိတယ်ဆိုရင်
ငါ့ရဲ့ကြယ်လေးက မင်းပါ)

Ep_2

" ဒါ..မင်းနေရမဲ့အခန်းပဲ
ပစ္စည်းတွေချပြီးရင် ဧည့်ခန်းကိုလာခဲ့ "

" ဟုတ်....!

မန်နေဂျာ ရှီမင် လိုက်ပြသောအခန်းကိုအမြင်
ရှထျန်းတစ်ယောက် ပါးစပ်မစိနိုင်တော့ချေ။

""" ဝါးးးး ဝိုးးး """
မိုက်လှချည်လား အကျယ်ကြီးပဲ
ရဟူး....
အေးပေါ့လေ သူကအောင်မြင်နေတဲ့လူတစ်ယောက်
ဒါတင်မက သူ့မိဘကလည်းချမ်းသာတာကိုး"

သူမ အထုတ်အပိုးတွေနေရာချပြီးသည်နှင့်
အပြင်ဘက်သို့ပြန်ထွက်လာရာ
ဧည့်ခန်းမှာမိန့်မိန့်ကြီးထိုင်နေပါသော
ကိုယ့်လူ၊ သူ့ဘေးနားတွင်တော့ ဂျာကြီး

"_ထိုင်
_ဟုတ်ကဲ့..."

မန်နေဂျာရှီမင်၏စကားအဆုံး ရှထျန်းမှာ
ရန်ကွမ်း နှင့် မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်လေသည်။
နှုတ်ခမ်းမွှေးရေးရေးနဲ့ဘယ်လိုတောင်ကြည့်ကောင်းနေတာ ဟိဟိ!

"_ဟေ့...ကောင်
_ဟင်...ဗျာ..."

ဘယ်လိုကောင်လဲဟ
မင်းသားကိုငမ်းနေတာ....ဒီကောင်က ဘာလား?
မင်းသားကမမြင်ဘူး
သူ့မှာမြင်နေရတာမသက်သာလိုက်တာ
စထိုင်ကတည်းက မျက်လုံးက ရန်ကွမ်းဆီမှာစကားပြောနေတဲ့သူ့ကိုတောင်ကြည့်ဖော်မရ

"ဒီမှာ စည်းကမ်းချက်နဲ့တာဝန်ဝတ္တရားတွေ
ကြည့်ပြီး သဘောတူရင်လက်မှတ်ထိုး
ပြီးတာနဲ့ ၃လစာ တစ်ခါတည်း မင်းဘဏ်စာရင်းထဲရောက်သွားမယ် "

" ဂရ်ရီးလား.. ?
ဟုတ်..ဟုတ်

ပိုက်ဆံလေးအသံကြားမှ ကိုယ်တော်က
မိမိအားအရေးတယူလုပ်တော်မူသည်။
ခမျာ ဝမ်းသာလွန်းလို့လားမသိ စကားတွေတောင်မပီချင်တော့ပေ။
ဪ...ငွေ..‌ငွေဓနအင်အား ကြီးလေစွ

ဟင့်...များလိုက်တဲ့ စည်းကမ်းချက်များ
ငှယ်...တာဝန်တွေထဲ
ရေချိုးတာလည်းပါတယ်...အို...!
စာချုပ်ကိုဖတ်ရင်း...ပြုံးလိုက်မဲ့လိုက်၊ရီလိုက်
ရှက်လိုက်လုပ်နေသော
အမောင်ချာတိတ်ကို ရှီမင်တစ်ယောက်အတော်ပင်မြင်ပျင်းကပ်လာတော့သည်။
ဘယ့်နှာ မိန်းမကြီးလိုပဲ
ထို့ကြောင့် ခပ်ဆတ်ဆတ်ပိတ်ဟောက်လိုက်မိသည်။

ကြယ်ပွင့်လေးဆီ(Completed )Tempat cerita menjadi hidup. Temukan sekarang