Ep.1💖

35.8K 934 43
                                    

( Unicode )

၁၀တန်းကျောင်းသူ ကျောင်းသားများထုံးစံ စာမေးပွဲနား နီးပြီဆိုတော့ စာတွေ အသဲအသန်ကျက်နေရတာ ခေါင်းတောင် မဖော်နိုင်။

တဖြေးဖြေးနဲ့ စာမေးပွဲရက်နီးလေ ရင်တွေခုန်ပြီး စာတွေမေ့မှာစိုး၍ ထပ်ခါ ထပ်ခါ ပြန်နွေးသည်မှာ အခေါက်ပေါင်း မနည်း။

သူငယ်ချင်းအုပ်စုလိုက် နေရာချိန်းကာ စာအတူတူကျက်မည်ဆို၍ ကြံထားတာ အချင်းချင်းတွေ့ကြတာနဲ့ စကားပြောရတာ မမောတဲ့အတိုင်း မရပ်မနားပြောရင်း ရီနေကြတာ စာအုပ်တောင် မဖွင့်ဖြစ်။

သူရိန်-"ငါတို့ စာကျက်ဖို့ လာတာမှ ဟုတ်ရဲ့လား"

ယွန်းယွန်း-အေးဟယ် မောတောင်မောလာပြီ တစ်ယောက်ယောက် အအေးသွားဝယ်ပါလား"

ဆောင်း-"ဖူးမ ငါနဲ့လိုက်ခဲ့ အအေးသွားဝယ်မယ်လေ"

ဖူးအိန္ဒြာ-"ရတယ် ငါတစ်ယောက်တည်းသွားဝယ်လိုက်မယ် Coca Colaပဲ သောက်ကြမှာမလား"

ဖူးအိန္ဒြာတစ်ယောက် အနားမှာရှိတဲ့ g&g ဆိုင်သို့ ထွက်လာခဲ့သည်။coca cola ယူပြီး ရှင်းမယ်လုပ်တော့ ပိုက်ဆံအိတ် သူငယ်ချင်းတွေနဲ့ လွယ်အိတ်ထဲမှာ ကျန်ခဲ့တာ သတိရသွားသည်။

*ဟာ သွားပြီ ပိုက်ဆံအိတ် ကျန်ခဲ့တယ် ဘယ်လိုလုပ်ရမလဲ*

"ဟို ဟိုလေ ညီမ ပိုက်ဆံအိတ် ကျန်ခဲ့လို့ ခဏ ညီမ အခုချက်ချင်း အပြေးသွားယူလိုက်မယ် ခဏ ဒီအအေးဘူးတွေဖယ်ထားပေးပါနော်"

ဖူးအိန္ဒြာ မျက်နှာငယ်လေးနဲ့ တောင်းဆိုနေတုန်း ဖူးရဲ့ ပုခုံးဘေးနားက ဖြတ်သွားတဲ့ တစ်စုံတစ်ယောက်ရဲ့ လက်။

"ဒီ အအေးနှစ်ဗူးနဲ့ ပေါင်းရှင်းပေးပါ"

ဖူးအိန္ဒြာ ကူညီပေးခံလိုက်ရတော့ ပြုံးပျော်နေမိတယ်။

ဆိုင်ထဲက နှစ်ယောက် အတူ ထွက်လာပြီး

"ဟိုလေ မမ ခုနက ကူညီပေးလို့ ကျေးဇူးတင်ပါတယ်"

"ရပါတယ် မလိုပါဘူး ကလေးရယ်"

*ကလေးတဲ့ ငါ ဒီလို အခေါ်ခံရလိမ့်မယ်လို့ အိမ်မက်တောင် မမက်ဖူးဘူး*

မမသည်သာ ကလေးအချစ်ဆုံးလူသား❣️Where stories live. Discover now