Ep.27💖

6.8K 364 22
                                    

( Unicode )

"ညီမ!!"

လမင်းနှင့်အတူ ဖူး လှည့်ကြည့်တော့ shirtလက်ရှည် မီးခိုးရောင်အဖျော့ကို style pantအမည်းနဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့ ခန့်မင်းသန့်။
တခြားမိန်းကလေးတွေအတွက် ကြွေချင်စရာ။

သို့သော် လမင်းတော့ မပါ။

"မမ အကိုခန့်မင်းသန့်မလား ဝတ်ထားတဲ့ပုံစံက မိုက်လိုက်တာ"

ခန့်မင်းသန့် အဝေးကနေ လာနေတုန်း လမင်းကို ကပ်ပြောလာတဲ့ ကလေးစကားကြောင့် ဘာရယ်မှန်းမသိ ဒေါသထွက်မိနေသည်။

"ညီမ အော် ဖူးလေးလည်း ပါတာပဲ"

"ဟုတ် အကိုခန့်မင်းသန့် အကိုရော ဘာလာဝယ်တာလဲဟင်"

မထင်မှတ်ဘဲ ကလေးဘက်က ရင်းရင်းနှီးနှီးပြောတော့ လမင်း စွေကြည့်လိုက်တော့ ကလေးက ခေါင်းလေး ငုံ့သွားရှာသည်။

"အာ အကို အိမ်ကရေခဲသေတ္တာထဲ လိုတာတွေ ပြန်ဖြည့်ဖို့ လာတာပါ ပြီးတော့ နာမည်ကြီးပါ ထည့်ခေါ်နေရတာ မောနေပါအုန်းမယ် ရင်းရင်းနှီးနှီး ကိုခန့်လို့ပါ ခေါ်ပါ"

လမင်း အကိုခန့်မင်းသန့်ကို တွေ့တော့မှ ရှင်းစရာကိစ္စရှိနေမှန်း သတိရတော့သည်။

ခန့်မင်းသန့်-"ဒါနဲ့ ညီမတို့ရော"

လမင်း-"အာ ကလေးက မုန့်စားချင်တယ်ဆိုလို့ ဝယ်နေတာ ကိုခန့်"

ခန့်မင်းခန့်-"အော် ဟုတ်လား အဲ့ဒါဆို အကိုလည်း တစ်ခါတည်း မုန့်လိုက်ဝယ်ကျွေးပါရစေ ပိုပြီး ရင်းနှီးသွားအောင်ပေါ့"

လမင်း-"မလိုပါဘူး ဝယ်ပြီးရင် အိမ်တန်းပြန်မှာမို့လို့"

ခန့်မင်းခန့်-"အိမ်? အတူတူ နေကြတာလား"

ဖူး-"ညီမက မမဆီမှာ သွားသွားနေဖြစ်တာပါ"

လမင်း-"ကလေး ပြောင်းလာခဲ့လိုက်တော့ ကျောင်းတက်ရတော့မှာပဲကို မနက်ဖြန် လိုအပ်တာတွေ သွားယူမယ်"

ဖူး-"မမကလည်း ဖြေးဖြေးပေါ့ ဘယ်လိုဖြစ်ဖြစ် ပြောင်းလာမှာပဲကို"

လမင်း-"ကြိုပြောင်းထားတော့ အနားမှာရှိချိန် ပိုရတာပေါ့"

မမသည်သာ ကလေးအချစ်ဆုံးလူသား❣️Where stories live. Discover now