Ep.46💖

5.6K 325 13
                                    

( Unicode )

ညနေ မှောင်လာတော့မှ ကိုကို့ဆီ ဖုန်းဆက်ပြီး လာခေါ်ခိုင်းလိုက်သည်။

ကားပေါ်လည်း ရောက်ရော ဆူပါလေရော။

'ကျောင်းက လူတွေနဲ့ ထိခိုက်မှာစိုးတာတောင် စိတ်ပူနေတာ အခု အတန်းတောင်လစ်ပြီး အပြင်လျှောက်သွားလိုက်သေး ဖူးလေးကလည်း ကိုကြီးစကား နားထောင်လိုက်တာနော် မမ သွားရာနောက်ပါသွားတာပဲ'ဆိုပြီး အဘိုးအိုကြီးလို ပွစိပွစိနဲ့ပေါက်ပေါက်ဖောက်နေတဲ့ ကိုကို့ပါးစပ်ထဲ မုန့်ထိုးထည့်ပေးလိုက်တော့မှ 'စားလို့ကောင်းတယ်'ဆိုပြီး ပါးစပ်ပိတ်သွားတော့သည်။

မင်းကောင်းစစ်-"ဒါနဲ့ ဘာလို့ အတန်းလစ်ကြတာ ညီမလေးက အရင်ကဆို ကျောင်းပျက်ရက်မရှိအောင် တက်တာမဟုတ်လား မနေ့ကတောင် ဆေးရုံကနေ အတင်းဆင်းမယ်လုပ်နေခဲ့တာလေ"

ဖူး-"အဲ့ဒါက"

လမင်း-"အိမ်ရောက်မှ ပြောပြတော့မယ် အခုလျှောက်လည်ထားတာ ပင်ပန်းနေလို့ ခဏလေး အသံတိတ်ပေးပါလား"

လမင်း မျက်နှာ အရိပ်အကဲ ပြလိုက်တော့ အလိုက်တသိ စကားလမ်းကြောင်း လွှဲပေးရှာသည်။

အိမ်ပြန်ရောက်ပြီး ကလေး ရေမိုးချိုးတဲ့အချိန်မှ လမင်း ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တော့ ကိုကို တောက်အကြိမ်ကြိမ်ခေါက်ကာ ရှူးရှူးရှဲရှဲ ဖြစ်နေလို့ စိတ်လျော့ဖို့ ပြောရသေး။

"ဘယ်သူလဲ မဟုတ်တာတွေ လျှောက်ပြောပြီးတော့ ဖူးလေးကိုများ ဘာ ညီမလေးတို့နှစ်ယောက်ကြား ဝင်ဖျက်တဲ့သူ ပြီးတော့ မိန်းမပျက်တဲ့ ဟုတ်လား တောက်စ်!"

"ကိုကို စိတ်လျော့ ညီမလေး ပွဲကြမ်းခဲ့ပြီးပြီ သူ့ကို ဖြေရှင်းဖို့လည်း ပြောခဲ့တယ်"

"ဒါပေမယ့်လည်း မကောင်းတဲ့လူက မကောင်းတဲ့ ဒုစရိုက်ပဲ ထပ်လုပ်နိုင်တယ်လေ"

"နောက်တစ်ခါ ကလေးကို လာထိရဲ ထိကြည့်ပေါ့ သူတို့မှာ အသက်တစ်ချောင်း အပိုပါတယ်ဆိုရင်ပေါ့"

ညီမလေးစကားကြောင့် ဘေးနားက နားထောင်နေတဲ့ မင်းကောင်းစစ် ကြက်သီးတောင် ထမိသည်။

မမသည်သာ ကလေးအချစ်ဆုံးလူသား❣️Where stories live. Discover now